တိုယိုတာ မဲခေါင် ချန်ပီယံရှစ် ၂၀၁၆ ပြိုင်ပွဲ နိုဝင်ဘာလတွင် စတင်မည်

12804367_615183501955612_1582836148_n

မဲခေါင်ဒေသ နိုင်ငံများမှ ချန်ပီယံ ကလပ်အသင်းများ ပါဝင်ယှဉ်ပြိုင်မည့် တိုယိုတာ မဲခေါင် ကလပ်ချန်ပီယံရှစ် ၂၀၁၆ Toyota Mekong Club Championship 2016 ပြိုင်ပွဲအား လာမည့် နိုဝင်ဘာလတွင် စတင်သွားမည် ဖြစ်ကြောင်း ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် ပြိုင်ပွဲညှိနှိုင်း အစည်းအဝေးတွင် အတည်ပြု ကြေညာခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ထိုင်း၊ ဗီယက်နမ်၊ လာအို တို့မှ ဘောလုံး အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး၊ လိဂ်တာဝန်ခံများ၊ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများ၊ စပွန်ဆာ တိုယိုတာဘက်မှ တာဝန်ခံများ နှင့် မြန်မာနိုင်ငံမှ ဦးကိုကိုသိန်း (တွဲဖက် အထွေထွေ အတွင်းရေးမှူး၊ MFF) နှင့် ဦးစိုးမိုးကျော် (Chief Operating Officer, MNL) တို့တက်ရောက် ဆွေးနွေးခဲ့ကြသည်။

” ပြိုင်ပွဲဝင် အသင်းတွေကို အရင်နှစ်က ရလဒ်တွေ၊ လက်ရှိလိဂ် ရပ်တည်မှုတွေ အပေါ်မူတည်ပြီး ခြေစစ်ပွဲ အဆင့်၊ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်အဆင့် ဆိုပြီး ပါဝင်ယှဉ်ပြိုင် ကစားစေမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ပါဝင်ကစားမယ့် ကိုယ့်မြန်မာ ကလပ်အသင်းတွေ အဆင်ပြေဖို့နဲ့ မြန်မာ့လက်ရွေးစင် အသင်း ထိခိုက်မှု မရှိစေဖို့ အခြားပြိုင်ဘက် နိုင်ငံတွေနဲ့ အချေအတင်ကို ဆွေးနွေးခဲ့ရပါတယ်။ သူတို့ဘက်ကလည်း သူတို့ ကလပ်၊ သူတို့လိဂ်နဲ့ သူတို့ လက်ရွေးစင် အသင်း အတွက် ဦးစားပေး ဆွေးနွေးခဲ့ကြသလို ကိုယ့်မြန်မာအတွက်လည်း ကိုယ်တွေက အလျော့မပေးပဲ အချေအတင် ဆွေးနွေးခဲ့ရတာပါ။ ပြိုင်ပွဲဆုကြေး ကတော့ အရင်နှစ်က အတိုင်းပါပဲ” ဟု MNL COO ဦးစိုးမိုးကျော်က အစည်းအဝေး အပြီးတွင် www.the-mff.org သို့ဆက်သွယ် ပြောကြားခဲ့သည်။ မြန်မာ့ လက်ရွေးစင် အသင်း အနေဖြင့် လာမည့် ဆူဇူကီး ဖလားပြိုင်ပွဲအား နိုဝင်ဘာ လအတွင်း ကစားရမည်ဖြစ်ရာ မြန်မာအသင်း ပွဲစဉ်ကို ဒီဇင်ဘာလ အတွင်း ကစားရန် မြန်မာဘက်မှ အဆိုပြုမှုလည်း အောင်မြင်ခဲ့သည်။

ပြိုင်ပွဲအား ချန်ပီယံ အသင်းများသာ ပါဝင်ကစားရန် သတ်မှတ်ထား သော်လည်း ချန်ပီယံ အသင်းမအားလပ် ပါက ရှုံးထွက်ဖလား ချန်ပီယံ ကိုလည်းကောင်း၊ လိဂ်ချန်ပီယံနှင့် ရှုံးထွက်ချန်ပီယံ နှစ်သင်းစလုံး မကစားဖြစ်ပါက လိဂ် ဒုတိယ အသင်းကို လည်းကောင်း ဦးစားပေး သတ်မှတ်ပါဝင် ကစားခွင့် ပြုမည်ဖြစ်သည်။

ယခင်နှစ် တိုယိုတာ မဲခေါင် ချန်ပီယံရှစ် ပြိုင်ပွဲ ပထမ အဆင့်တွင် မြန်မာ ကိုယ်စားပြု ရန်ကုန် ယူနိုက်တက် အသင်းသည် အိမ်ကွင်းတွင် လာအိုတိုယိုတာ ကလပ်ကို (၅-၂)ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ဒုတိယ ပွဲစဉ်ဖြစ်သည့် ကမ္ဘောဒီးယား ကလပ် Boeung Ket Angkor အသင်းနှင့် အဝေးကွင်း ပွဲစဉ်တွင် မမျှော်လင့်ဘဲ (၃-၀)ဂိုးဖြင့် အရေးနိမ့် သွားခဲ့ရာ နောက်တစ်ဆင့် ဆီမီးဖိုင်နယ်သို့ တက်နိုင်ခြင်း မရှိခဲ့ပေ။ ထိုပြိုင်ပွဲတွင် ထိုင်းကလပ် ဘူရီရမ်က ချန်ပီယံဖြစ်ခဲ့သည်။
12804367_615183501955612_1582836148_n 12273595_519330838235883_2479627924114206658_o
တိုယိုတာ မဲခေါင်ကလပ် ချန်ပီယံရှစ် ၂၀၁၆ ပထမ အဆင့်ပွဲစဉ်များ

5-11-2016 (Saturday)  လာအို ကလပ်တစ်သင်းနှင့် ဗီယက်နမ် ကလပ်တစ်သင်း (အိမ်ရှင်-လာအို)
23-12-2016 (Friday) ဗီယက်နမ် ကလပ်တစ်သင်းနှင့် မြန်မာ ကလပ်တစ်သင်း (အိမ်ရှင် – ဗီယက်နမ်)
27-12-2016 (Tuesday) မြန်မာ ကလပ်တစ်သင်း နှင့် လာအို ကလပ်တစ်သင်း (အိမ်ရှင် – မြန်မာ)

ဆီမီးဖိုင်နယ် အဆင့်
31-12-2016 (Saturday) ကမ္ဘောဒီးယား ကလပ်တစ်သင်းနှင့်  ပထမအဆင့် ချန်ပီယံ အသင်း

ဗိုလ်လုပွဲ အဆင့်
ပ-အကျော့ :  4-1-2017 (Wednesday) ဆီမီးဖိုင်နယ် နိုင်အသင်း နှင့် ထိုင်း ကလပ်တစ်သင်း (အိမ်ရှင်-မသိသေး)
ဒု-အကျော့ : 8-1-2017 (Sunday)  ထိုင်းကလပ်နှင့် ဆီမီးဖိုင်နယ် နိုင်အသင်း (အိမ်ရှင်-ထိုင်း)

Prize Money

a) Champion – USD 75,000 & Trophy

b) Runner-up – USD 50,000

c) 3rd Place – USD 30,000

d)4th Place – USD 10,000

e)5th Place – USD 5,000

Leave a Reply

Your email address will not be published. Required fields are marked *