AFF Myanmar Futsal Club Championship တွင် ထိုင်းပေါ့စ်အသင်းနှင့် ဂျာရာအသင်းတို့ ဗိုလ်စွဲ

Thailand

AFF Myanmar Futsal Club Championship 2016 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၆ ရက် က နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိ၊ ဖူဆယ်အားကစားရုံတွင် ကျင်းပခဲ့ပြီး အမျိုးသားပြိုင်ပွဲတွင် ထိုင်းပေါ့စ်အသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဂျာရာ အသင်းတို့က ဗိုလ်စွဲခဲ့သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားသို့ အာဆီယံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဂျန်ဒါတိုအဇူဒင်အာမက်၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးသန်းဇော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဦးမျိုး လှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ AFF Myanmar Futsal Club Championship 2016 အမျိုးသားပွဲစဉ်တွင် ပထမရခဲ့သည့် ထိုင်းကလပ် ထိုင်းပေါ့စ်အသင်းအား ချန်ပီယံဆုဖလားနှင့်အတူ တစ်ဦးချင်း ဆုတံဆိပ်များပေးခဲ့သလို ဒုတိယဆုရခဲ့သည့် ဗီယက်နမ် ကလပ် ထိုင်ဆောင်နမ်၊ တတိယရရှိခဲ့သည့် မြန်မာကလပ် MIC အသင်းတို့ကိုလည်း ဆုဖလားများနှင့် အတူ တစ်ဦးချင်း ဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။

Jaya

(အမျိုးသမီးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် အင်ဒိုနီးရှားကလပ် ဂျာရာအသင်း )

အလားတူ AFF Myanmar Futsal Club Championship 2016 အမျိုးသမီးပွဲစဉ်တွင် ပထမရခဲ့သည့်  အင်ဒိုနီးရှားကလပ် ဂျာရာအသင်း ကို ချန်ပီယံဆုဖလားနှင့်အတူ တစ်ဦးချင်းဆုတံဆိပ်များ ချီးမြှင့်ခဲ့ပြီး ဒုတိယဆုရခဲ့သည့် ထိုင်းကလပ် ခွန်ခမ်အသင်း၊ တတိယရခဲ့သည့် ဗီယက်နမ်ကလပ် ထိုင်ဆောင်နမ်အသင်း တို့ကိုလည်း ဆုဖလားများနှင့်အတူ တစ်ဦးချင်း ဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။ ထို့ပြင် ဖူဆယ် ပြိုင်ပွဲတွင် အသန့် ရှင်းဆုံး အမျိုးသားအသင်းဆုကို တတိယရရှိခဲ့သည့် MIC အသင်းက ရခဲ့ပြီး အသန့်ရှင်းဆုံး အမျိုးသမီးအသင်းဆုကို စတုထ္ထရခဲ့သည့် ဘန်ကောက်အသင်းက ရရှိခဲ့သည်။

Men’s Third Place

Black Steel  5-7  MIC

Women’s Third Place

Thai Son Nam Dist 8 FC  3-2  BangKok

Women’s Final

Jaya  2-2(5-4)  Khon Kaen

Men’s Final

Thaiport  4-3  Thai Son Nam

Leave a Reply

Your email address will not be published. Required fields are marked *