Myanmar vs Australia (Post Match Press Conference) [AFF Myanmar Women’s Championship 2016)

701A7389

 

ရော်ဂျာ (မြန်မာ့လက်ရွေးစင်အသင်းနည်းပြ)

ဩစတြေးလျအသင်းဟာ တောင့်တင်းပြီး ငယ်ရွယ်တဲ့အသင်းပါ။ ဒီနေ့ ကျွန်တော်တို့အသင်းရဲ့ နောက်တန်းကစားပုံက အရမ်းကောင်းပါတယ်။ ဒုတိယပိုင်းမှာ ဩစတြေးလျအသင်းဟာ အခွင့်အရေးတစ်ကြိမ်ရခဲ့ပြီး ဂိုးပေးလိုက်ရပါတယ်။ နှစ်သင်းလုံးဟာ အသင်းကောင်းတွေ ဖြစ်တာကြောင့် ဒီပွဲဟာ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ မြန်မာအသင်းကို ဒီ့ထက်ပိုတိုးတက်အောင် ကြိုးစားလေ့ကျင့်ပေးသွားပါမယ်။ တစ်ကွင်းလုံးအပြည့်နီးပါး ပရိသတ်တွေ အများကြီး လာရောက်အားပေးကြတဲ့အတွက်လည်း ကျွန်တော်အံအားသင့်မိပါတယ်။ ပုံမှန်အားဖြင့် အမျိုးသမီးပွဲဖြစ်တာကြောင့် ဒီလောက်များလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။ မြန်မာပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဆီမီးဖိုင်နယ်အတွက် ပြောရမယ်ဆိုရင် ဗီယက်နမ်အသင်းဟာ အသင်းလိုက် စုစည်းမှုအားကောင်းတဲ့အသင်းဖြစ်တာကြောင့် ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

Reuners Roger
(Head Coach of Myanmar)

Australia is a strong and young team. Our defensive line is very good today. In second half, Australia got one chance and one goal was allowed. This was a good match because both teams are good teams. We will try to improve our team. I am amazed about the fans. As a women’s match, I was not expecting too much fans will come to stadium. Thanks Myanmar people. Vietnam is a good organized team and have excellent teamwork. So semi-final will be a tough game. But I believe we can do it.

————————————————————————–

 

ခရိတ်ဒင်းစ် (ဩစတြေးလျအသင်းနည်းပြ)

ဒီနေ့ပွဲရလဒ်အတွက် ကျေနပ်ပါတယ်။ ဒီနေ့ပွဲမှာ မြန်မာအသင်းထက် အခွင့်အရေးတွေ ပိုရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ မြန်မာအသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး ကစားရခက်တဲ့အသင်းပါ။ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ကစားသမားတွေလည်း ပိုင်ဆိုင်ထားပါတယ်။ မနက်ဖြန်မှာ အသင်းကို ပြန်လည်အားပြည့်အောင် လုပ်ဆောင်ဖို့ လိုပါမယ်။ ကစားပြီးသမျှ ပွဲတွေကို ပြန်သုံးသပ်ပြီး ဆီမီးဖိုင်နယ်အတွက် ပြင်ဆင်သွားမှာပါ။ ထိုင်းအသင်းနည်းပြက အရင်က ဩစတြေးလျအသင်းကို ကိုင်တွယ်ခဲ့ဖူးတာကြောင့် ကစားသမားတွေ အကြောင်းကို ကောင်းကောင်းသိနေမှာပါ။ ဒါကြောင့် ဆီမီးဖိုင်နယ်ဟာ ကျွန်တော့်အတွက်တော့ စိန်ခေါ်မှုတစ်ခုပါပဲ။

Craig Deans
(Head Coach of Australia)

I’m happy with the result and become first of Group B. We got more chances than Myanmar but we couldn’t change them into goals. Myanmar team is a good team and difficult to play. And they also have skillful players. I will try to recover my team tomorrow. I will research the previous matches and will prepare for semi-final. Thailand coach will know about my players because he was previous coach of Australia. So semi-final will be challenge for me.

Leave a Reply

Your email address will not be published. Required fields are marked *