တရုတ်ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဝင်ရောက်ရန် မြန်မာ ဖူဆယ်အသင်းထွက်ခွာ

fUTSAL

တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသည့် လေးနိုင်ငံ ဖိတ်ခေါ်ဖူဆယ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် မြန်မာ့ လက်ရွေးစင် ဖူဆယ် အသင်းသည် ယနေ့ ညနေက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှာမြို့သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

ယင်းပြိုင်ပွဲကို တရုတ်ဘောလုံးအဖွဲ့ချုပ် CFA မှ ဦးစီးကျင်းပခြင်း ဖြစ်ပြီး မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို လာရောက် ယှဉ်ပြိုင်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာ ဖူဆယ် အသင်းသည် ယင်းပြိုင်ပွဲတွင် အိမ်ရှင် တရုတ် လက်ရွေးစင် ဖူဆယ် အသင်း၊ အင်ဒိုနီးရှား လက်ရွေးစင် ဖူဆယ် အသင်း၊ အီဂျစ် လက်ရွေးစင် ဖူဆယ် အသင်းများနှင့် ယှဉ်ပြိုင်ရမည်သည်။

ပြိုင်ပွဲကို သြဂုတ် ၂၆၊ ၂၇၊ ၂၈ သုံးရက်တာ ကျင်းပသွားမည် ဖြစ်ပြီး မြန်မာ အသင်းအနေဖြင့် အဖွင့်ပွဲအဖြစ် အင်ဒိုနီးရှား အသင်းနှင့် သြဂုတ် ၂၆ ရက်တွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကာ ဒုတိယ ပွဲအဖြစ် သြဂုတ် ၂၇ ရက်တွင် တရုတ်အသင်း၊ သြဂုတ် ၂၈ တွင် အီဂျစ် အသင်းများဖြင့် ရင်ဆိုင်ကစားရမည် ဖြစ်သည်။ ပြိုင်ပွဲကို အုပ်စု ပတ်လည် စနစ်ဖြင့် ကျင်းပမည် ဖြစ်ပြီး သုံးပွဲ ကစားအပြီးတွင် အမှတ်အများဆုံး အသင်းက ချန်ပီယံဆု ရရှိမည် ဖြစ်သည်။

တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ကစားသမားများမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဂိုး – ကျော်ထက်အောင်၊ မင်းမင်းသိန်း။
ကစားသမား – ပြည့်ဖြိုးမောင် (၂)၊ ပြည့်ဖြိုးမောင် (၃)၊ ငြိမ်းမင်းစိုး၊ ခင်ဇော်လင်း၊ အောင်အောင်၊ ထက်မြက်နိုင်၊ နိုင်ရဲကျော်၊ စိုင်းပြုံးအောင်၊ ရဲရင့်ဦး၊ ကောင်းချစ်သူ၊ ကျော်စိုးမိုး၊ အောင်ဇင်ဦး။

Leave a Reply

Your email address will not be published. Required fields are marked *