AFC MA Coaching Instructors Course နည်းပြ ဆီဗာဂျီနှင့် တွေ့ဆုံခြင်း

coach

 

မေး။ ။ သင်တန်းဖွင့်ပွဲမှာ မြန်မာဘောလုံးလောက တိုးတက်လာတယ်လို့ ပြောထားတယ်။ ဘာကြောင့်ဒီလို ပြောနိုင်တာလဲ ?

ဖြေ။ ။ မြန်မာ့လက်ရွေးစင်အသင်းကို ကြည့်ရင် သိနိုင်ပါတယ်။ မြန်မာအသင်းဟာ လွယ်လွယ်ကူကူနဲ့ အနိုင်ယူလို့ရမယ့်အသင်းမျိုး မဟုတ်တော့ပါဘူး။ ထိုင်း၊ စင်ကာပူ၊ မလေးရှားတို့လို ပြိုင်ဘက်ကောင်း တွေတောင်မှ ခက်ခက်ခဲခဲ ကစားနေရပါပြီ။ မြန်မာအသင်းက တစ်ခါတစ်လေ နိုင်မယ်၊ တစ်ခါတစ်လေ ကြရင်လဲ ရှုံးမယ်။ နောက်တစ်ခုက ၂၀၀၉ ခုနှစ်မှာ ပရော်ဖက်ရှင်နယ်လိဂ်ကို စတင်ခဲ့တယ်။ ပရော် ဖက်ရှင်နယ်လိဂ်ဖြစ်လာတဲ့အတွက် ကစားသမားတွေအနေနဲ့ အခွင့်အလမ်းကောင်းတွေ ရလာတယ်။ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်လို ကစားလာနိုင်ကြတယ်။

ဒုတိယအချက်က လူငယ်အသင်းပါ။ မြန်မာ့လက်ရွေးစင် ယူ ၂၀ အသင်းဟာ နယူးဇီလန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ခွင့်ရခဲ့တယ်။ ဒါဟာ ကြီးမားတဲ့မှတ်တိုင်တစ်ခုပါ။ နောက်တစ်ခုက ယူ ၁၆၊ ယူ ၁၄ အသင်းတွေကလည်း အခြေအနေတစ်ခုထိ တိုးတက် လာခဲ့တယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲအထိ မရောက်ပေမယ့်လဲ ဒီအသင်းတွေဟာလဲ တိုးတက်လာခဲ့ကြတယ်။ သူတို့ဟာ အသက် ၁၆ နှစ် ၊ ၁၉ နှစ် လူငယ်တွေဖြစ်တာကြောင့် ထပ်ပြီး တိုးတက်လာကြဦးမှာပါ။ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်တာကြောင့် ဘောလုံးနောက်ခံ အနေအထားအနေနဲ့ အားနည်းမှုတွေ ရှိပါတယ်။ တိုင်းပြည် ဖွံ့ဖြိုးလာတာနဲ့ ကောင်းမွန်တဲ့ ရလဒ်တွေ၊ အောင်မြင်မှုတွေ ရလာမှာပါ။

coach1

မေး။ ။ ဘောလုံး ဖွံ့ဖြိုးတိုးတက်ဖို့ သင်ကြားရေးဖြစ်တဲ့ နည်းပြပိုင်းကရော ဘယ်လောက် အရေးပါလဲ?

ဖြေ။ ။ ဘောလုံးလောကတိုးတက်ဖို့ဆိုရင် လုပ်ဆောင်ရမယ့် အချက်တွေရှိပါတယ်။ လူငယ်ဖွံ့ဖြိုး တိုးတက်ရေး၊ Grassroots လူငယ်ဘောလုံးပွဲတော်တွေ၊ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်ပြိုင်ပွဲတွေရယ် နောက်တစ်ခုက အရည်အချင်းပြည့်မီတဲ့ နည်းပြတွေ ပေါ်ထွက် လာဖို့ရယ်ပါ။ အခုလက်ရှိမှာ လက်ရွေး စင်အသင်းတိုင်းဟာ ကောင်းမွန်တဲ့အထောက်အပံ့တွေ ရကြပါတယ်။ ဒါဟာ သာမန်ဖြစ်နေ ကျ ဖြစ်ရပ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ လက်ရှိရလဒ်ကိုပဲ စိတ်ဝင်စားကြတယ်လေ။ Grassroots တွေ၊ လူငယ် ဖွံ့ဖြိုးရေးတွေဟာ ရလဒ်ကို ချက်ချင်းမပြနိုင်ကြဘူး။ ၅ နှစ်လည်း ကြာရင်ကြာမယ်။ ၇ နှစ်လည်း ဖြစ်ချင်ဖြစ်မယ်။ လူတွေက ရလဒ်ကိုပဲ ကြည့်ချင်ကြတယ်။ ဒါပေမယ့် ရေရှည်ကို ပြန်ကြည့်မယ်ဆိုရင် လူငယ်တိုးတက်ရေးလုပ်ငန်းစဉ်တွေကို မေ့ထားလို့မရပါဘူး။ နည်းပြတွေကို သင်တန်းပေးဖို့ကိစ္စဆိုရင် သိပ်အရေးမကြီးဘူးလို့ ထင်ကြပါတယ်။ ဒါပေမယ့် အခု မြန်မာဘောလုံးအဖွဲ့ချုပ်အနေနဲ့ နည်းပြတွေကို သင်တန်းပေးဖို့ လုပ်ဆောင်လာကြပါပြီ။  မြန်မာ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်အနေနဲ့လဲ ဒီကိစ္စကို အရမ်း အာရုံစိုက်ပါတယ်။ ဒါပေမယ့် လေ့လာတဲ့လုပ်ငန်းစဉ်ကို ဒီသင်တန်းပြီးတာနဲ့ ရပ်ပစ်လို့ မရပါဘူး။ ဆက်တိုက်လေ့လာနေဖို့ လိုပါမယ်။ ဒီသင်တန်းရဲ့ ရလဒ်တွေကိုတော့ အခုချက်ချင်း သိရချင်မှ သိရမယ်။ ၅ နှစ်လည်း ဖြစ်ရင်ဖြစ်မယ်။ ၁၀ နှစ်လည်း ဖြစ်ရင်ဖြစ်မယ်။

မေး။ ။ နည်းပြတစ်ယောက်မှာ မရှိမဖြစ်လိုအပ်တဲ့ အဓိက အရည်အချင်းက ဘာပါလဲ?

ဖြေ။ ။ နည်းပြတစ်ယောက်အနေနဲ့ လိုအပ်ချက်တွေကတော့ အများကြီးပါ။ အရေးကြီးတာတစ်ခုက ဗဟုသုတများရမယ်။ ဗဟုသုတများ တဲ့အတွက် နည်းပြကို ကစားသမားတွေက လေးစားကြမယ်။ နောက် အရေးအကြီးဆုံးတစ်ခုကို ပြောရမယ်ဆိုရင် ရိုးသားမှုပါ။ ရိုးသားမှုဟာ အရမ်းအရေးကြီး ပါတယ်။ နည်းပြ သင်တန်းဆရာတွေဟာ လာဘ်ငွေယူတာ၊ မလျော်သြဇာသုံးတာ လုံးဝ ရှိလို့ မရပါ ဘူး။ ရိုးသားမှုရှိဖို့ က နည်းပြတစ်ယောက်မှာ မရှိမဖြစ် ရှိကို ရှိရမယ့် အရည်အချင်းတစ်ခုပါပဲ။

မေး။ ။ ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ ကျွန်တော့်ဘက်ကလဲ ဖြေခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *