Youth Newspaper Cup 2016 ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ရက်ပြောင်းရွှေ့

ji7a6214

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်မှ ဦးစီးကျင်းပမည့် Youth Newspaper Cup 2016 အသက် ၂၁ နှစ်အောက် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အသက် ၂၁ နှစ်အောက် လူငယ်လက်ရွေးစင်အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို ယခင်က နိုဝင်ဘာလ ၉ရက်မှ ၁၇ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါ ဒီဇင်ဘာလ ၂၁ရက်မှ ၃၀ ရက်သို့ ရက်ပြောင်းရွှေ့ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းကို ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲအတွက် ပဏာမအသင်းအဖြစ် ဖွဲ့စည်းရန် ရည်ရွယ်ထားပြီး နည်းပြချုပ်တာဝန်ကိုလည်း ဆီးဂိမ်းပြိုင်ပွဲဝင် အသင်းအား ကိုင်တွယ်မည့် ဦးကြည်လွင်ကိုပင် ပေးအပ် သွားမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *