AFF Suzuki Cup 2016 Trophy Tour & Promotion

suzuki-promo-copy

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမယ့် AFF Suzuki Cup 2016 Trophy Tour & Promotion အစီအစဉ်ကို နိုဝင်ဘာလ ၃ ရက်နေ့တွင် မြန်မာပလာဇာ၌ မနက် ၁၀နာရီမှ ည ၉နာရီအထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဆူဇူကီးဖလားကြီးကို ပြသထားမယ့်အပြင် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ဂျာစီတွေ အမှတ်တရပစ္စည်းတွေကိုလည်း ရောင်းချပေးသွားမှာပါ။
မနက် ၁၀ နာရီကနေ ည ၉ နာရီအထိ တစ်နေ့တာလုံး အမှတ်တရဓါတ်ပုံတွေကို အခုရိုက် အခုယူ အစီအစဉ်နဲ့ အခမဲ့ရိုက်ကူးနိုင်မယ့်အပြင် အဆိုပါ ဓါတ်ပုံများကို ကျွန်တော်တို့ Myanmar Football Federation facebook page မှာလည်း တင်ပေးသွားမှာဖြစ်ပြီး like & share အစီအစဉ်နဲ့ like အများဆုံးရတဲ့ပုံကို လက်ဆောင်များ ထပ်ပေးသွားဦးမှာဖြစ်ပါတယ်။
ဒါ့အပြင် နေ့လည်ပိုင်းမှာ Dreamboat အဖွဲ့က ကိုမောင်မောင်အေးရဲ့ ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်တွေ၊ ကံစမ်းမဲအစီအစဉ်တွေ အမေးအဖြေတွေကို ပရိသတ်တွေကိုယ်တိုင် ပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပြီး အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပါဝင်တဲ့ ပရိသတ်တွေကို လက်ဆောင်များ ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မိုးမိုး၊ သူထူးစံ၊ မိုးယံဇွန်၊ ဖိုးချစ်၊ ပိုင်ဇေရဲထွန်း၊ ကျော်ကျော်၊ သတ္တိ၊ ကောင်းခန့်၊ အောင်လေး၊ ဆန်းတိုးနိုင်၊ ယုန်လေး၊ စူးရှ၊ နန်းခင်ဇေယျာ၊ မေမြတ်နိုး၊ ထားထက်ထက်၊ စိုးနန္ဒာကျော်၊ ဟန်လေး၊ ချစ်စနိုးအောင်အောင် အစရှိတဲ့ ပြည်သူချစ်သော အနုပညာရှင်များစွာလည်း ပရိသတ်များနဲ့အတူရှိနေမှာဖြစ်ပါတယ်။
အနုပညာရှင်များနဲ့ တွေ့ဆုံရင်း ပျော်စရာဂိမ်းတွေ ကစားရင်း မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပတဲ့ Suzuki Cup 2016 အတွက် Trophy Tour & Promotion ပွဲလေးကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *