အိုမန်နှင့် ခြေစမ်းပွဲ လက်မှတ်များကို နိုဝင်ဘာ ၁၃ ရက်တွင် စတင်ရောင်းချမည်

14919029_778760862262728_4653876274200986021_o-copy

မြန်မာ့လက်ရွေးစင် အသင်း၏ ဆူဇူကီးဖလား မတိုင်မီ နောက်ဆုံးခြေစမ်းပွဲ ဖြစ်သည့် အိုမန်လက်ရွေးစင် အသင်းနှင့်
ခြေစမ်းပွဲကို လာမည့် နိုဝင်ဘာ ၁၄ ရက် ညနေ ၅း၀၀ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပသွားမည် ဖြစ်ရာ
လက်မှတ်များကို တစ်ရက်ကြိုတင်၍ နိုဝင်ဘာ ၁၃ ရက်တွင် ရောင်းချပေးသွားမည် ဖြစ်သည်။

လက်မှတ်များကို အထူးတန်း ၃၀၀၀ ကျပ်နှင့် ရိုးရိုးတန်း ၂၀၀၀ ကျပ် သတ်မှတ်ထားပြီး နိုဝင်ဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ်၊ သုဝဏ္ဏကွင်း ဝင်ပေါက် အမှတ် (၄)၊ ပဒုမ္မာကွင်းနှင့် အောင်ဆန်းကွင်း အထူးတန်း ဝင်ပေါက်များတွင်
ဝယ်ယူနိုင်မည် ဖြစ်သည်။ ထို့အပြင် ပွဲနေ့တွင်လည်း ကွင်းဝင်ပေါက်များ၌ ဝယ်ယူနိုင်မည် ဖြစ်သည်။

မြန်မာအသင်းနှင့် ခြေစမ်းကစားမည့် အိုမန်အသင်းသည် အာရှအဆင့် ခြေစွမ်းမြင့်မားသည့် အသင်းကောင်းတစ်သင်း ဖြစ်ပြီး
နောက်ဆုံး ကစားထားသည့် ခြေစမ်းပွဲ နှစ်ပွဲတွင် ကူဝိတ်ကို အနိုင်ကစားကာ ဥရောပ အသင်းကောင်း တစ်သင်းဖြစ်သည့်
အိုင်ယာလန် အသင်းကို ရှုံးနိမ့်ထားသည်။ အိုမန်အသင်းသည် မြန်မာအသင်းနှင့် ခြေစမ်းပွဲ မကစားမီ နိုဝင်ဘာ ၁၁ ရက်တွင်
ဂျပန် အသင်းနှင့် ရှေးဦးစွာ ခြေစမ်းပွဲ ကစားဦးမည် ဖြစ်ကာ ထိုမှ မြန်မာနိုင်ငံသို့ ဆက်လက် ထွက်ခွာလာမည် ဖြစ်သည်။
မြန်မာအသင်းနှင့် ခြေစမ်းကစားမည့် အိုမန်အသင်းကို လက်ရှိ ချန်ပီယံရှစ် ကလပ် ရက်ဒင်းအသင်း၏ ဂိုးသမား
အယ်လ်ဟက်ဘ်ဆီက အသင်းခေါင်းဆောင် အဖြစ် ဦးဆောင်လာမည် ဖြစ်ကာ ကစားသမား ၂၆ ဦး ပါဝင်လာသည်။

အိုမန်အသင်းတွင် ပါဝင်လာမည့် ကစားသမားများ

Ali Al Habsi, Abdual Aziz Humaid Mubarak, Abdual Sallam Al Mukahini, Ali Suleiman Al Busaidi, Faiyz Issa Al
Rusheidi, Mihammed Saleh Ali Al Musalami, Mohsin Jouhar Bilal Al Kahldi, Qasim Said Sanjoor Hardan, Raed
Ibrahim Saleh, Riyadh Sabeit Juma AL Alawi, Ahmed Faraj Abdulla, Mahmood Mabrook Nasib Al Mushaifri,
Mataz Saleh Abd Raboh, Mohammed Faraj Abdulla Al Rawahi, Nadir Awadh Basir Bait Mabrook, Said Obaid
Juma Aal Abdulasallam, Harib Jamil Zaid AL Saadi, Yaseen Khalil Al Sheyadi, Saud Khamis Eid Al Farsi,
Jameel Saleem Jameel Al Yahmadi, Salaah Said Salim Al Yahyaei, Said Salim Al Razaiqi , Mohammed
Abdullah Mubarrak Al Balushi, Al Mandhar Rabia Said Al Alawi, Aymen Dhahi, Bait Abd Raboh Mataz Saleh
Abd Raboh.

Leave a Reply

Your email address will not be published. Required fields are marked *