လာမည့် ဒီဇင်ဘာတွင် မြန်မာ ယူ-၂၂ အသင်း နှင့် မလေးရှားအသင်းတို့ ခြေစမ်းမည်

2015-sea-games1

 

၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အမျိုးသားဘောလုံးအသင်းသည် လာမည့် ဒီဇင်ဘာ လတွင် မလေးရှားအသင်းနှင့် ခြေစမ်းကစားမည်ဖြစ်သည်။

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (မလေးရှားဆီးဂိမ်း)တွင် အမျိုးသားဘောလုံးပြိုင်ပွဲအား အသက် ၂၂ နှစ်အောက် အဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းသည် လာမည့် နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ ကစား သမား ၂၆ ဦးဖြင့် စတင် စခန်းဝင်လေ့ကျင့်မည်ဖြစ်ပြီး အဆိုပါအသင်းအား အသင်းနည်းပြချုပ်အဖြစ် နည်းပြ ဦးကြည်လွင်မှ တာဝန်ယူ မည်ဖြစ်သည်။ ထို့ပြင် မြန်မာ ယူ – ၂၂ အသင်းသည် ဒီဇင်ဘာ ၉ ရက်နှင့် ၁၂ ရက်များတွင် ရန်ကုန်မြို့၌ မလေးရှား အသင်းနှင့် ချစ်ကြည်ရေး ခြေစမ်းကစားရန် စီစဉ်ထားသည်။

2015-sea-games

ပဏာမမြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း

အုပ်ချုပ်/နည်းပြ

၁။ ဦးကြည်လွင် (နည်းပြချုပ်) မကွေး

၂။ ဦးကျော်လွင် (လက်ထောက်နည်းပြ) ဧရာဝတီ

၃။ ဦးမြင့်ကို (လက်ထောက်နည်းပြ) ရတနာပုံ

၎။ ဦးမျိုးကျော်သူ (ဂိုးနည်းပြ) မကွေး

၅။ ဦးဇော်မင်းထိုက် (အတွင်းရေးမှူး) MFF

၆။ ဒေါက်တာကျော်သန့်ဇင် (ဆရာဝန်) MFF

၇။ ဦးဘကြိုင် (အကြောကျွမ်းကျင်) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

၈။ ဦးအောင်အောင်ထွန်း (Kit Manager) MFF

ကစားသမား

ဂိုး

ဘုန်းသစ္စာမင်း(ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင်(MFF) ၊ ပြည့်လျှံအောင်(ရတနာပုံ)

နောက်တန်း

ထိုက်ထိုက်အောင်(ရှမ်းယူနိုက်တက်)၊ နန်းဝေမင်း(ရန်ကုန်ယူနိုက်တက်)၊ ထလျန်ဟုပ်ထန်း(ချင်း ယူနိုက်တက်)၊ နိုင်လင်းထွန်း(မကွေး)၊ ရဲရင့်အောင် (ရတနာပုံ)၊ သိန်းနိုင်ဦး (ဧရာဝတီယူနိုက်တက်)၊ စည်သူအောင် (ရတနာပုံ)၊ သီဟထက်အောင် (ရန်ကုန်ယူနိုက်တက်)၊ အောင်မိုးထွေး (ဇွဲကပင်)၊ အောင်ဟိန်းစိုးဦး (ဆောက် သမ်း)၊ လှိုင်မျိုးအောင် (ရှမ်းယူနိုက်တက်)၊ ဟိန်းနေဆန်း (ရတနာပုံ)

အလယ်တန်း

စွမ်းထက်အောင် (ရန်ကုန်ယူနိုက်တက်)၊ ရဲရင့်ထွန်း (ရတနာပုံ)၊ မောင်မောင်စိုး (မကွေး)၊ အောင်မိုးသူ (MFF)၊ နေမိုးအောင် (ဧရာဝတီယူနိုက်တက်)၊ မင်းကျော်ခန့်(ရန်ကုန်ယူနိုက်တက်)၊ ရန်ပိုင်စိုး (ဧရာဝတီယူနိုက်တက်)

ရှေ့တန်း

သန်းဇော်ဟိန်း(မကွေး)၊ ရှိုင်းသူရ(ရတနာပုံ)၊ ရွှေကို (ရှမ်းယူနိုက်တက်)၊ စအောင်ပြည့်ကို (ရှမ်းယူနိုက်တက်)

Leave a Reply

Your email address will not be published. Required fields are marked *