အိမ်ကွင်းပရိသတ် ရှေ့တွင် ခြေစွမ်းပြကစားပြီး မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ရောက်

a09o2416

မြန်မာအသင်းသည် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် အဆုံးအဖြတ်ပွဲစဉ်ဖြစ်သော မလေးရှား အသင်းနှင့် ပွဲစဉ်တွင် ဒေးဗစ်ထန်း ၏သွင်းဂိုးဖြင့် အနိုင်ရရှိပြီး ၁၂ နှစ်တာဝေးကွာနေသော ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

မြန်မာအသင်းသည် ယခုပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းကို အနိုင်ရရှိခဲ့သည့် ပွဲစဉ်မှ လူစာရင်းအတိုင်း ပွဲထွက်ထူစာရင်းကို
အသုံးပြုခဲ့သည်။ ပွဲချိန် ၁၂ မိနစ်တွင် မြန်မာအသင်း ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့သော်လည်း အောင်သူ၏ ကန်ချက်ကို
မလေးရှား ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၂၁ မိနစ်တွင်လည်း ရန်အောင်ကျော်၏ ကန်ချက် ဂိုးဘားတန်းပေါ် ကျော်ခဲ့
သောကြောင့် မြန်မာအသင်း နစ်နာခဲ့ရသည်။ ထို့အပြင် ပွဲချိန် ၄၄ မိနစ်တွင်လည်း အောင်သူ၏ ပြစ်ဒဏ်ဘော ကန်ချက်
ဘားတန်းထိထွက်ခဲ့တာကြောင့် ပထမပိုင်း ပွဲပြီးချိန်တွင် ဂိုးမရှိ သရေဖြင့် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် မလေးရှား အသင်းက ပြန်လည်ဖိအားပေးကစားလာခဲ့သော်လည်း မြန်မာနောက်ခံ ကစားသမားများကို
ကျော်လွန် နိုင်ခဲ့ခြင်း မရှိပေ။ ထို့အပြင် မြန်မာအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၈၉ မိနစ်တွင် ဒေးဗစ်ထန်က
သွင်းယူပေးခဲ့သောကြောင့် အုပ်စု ဒုတိယဖြင့် ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်အဆင့်တွင်
ထိုင်း အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး ပထမအကျော့ကို ဒီဇင်ဘာလ ၄ ရက်တွင် အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်ရမည်
ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *