FIFA Executive Football Summit and FIFA Forward Programme Workshop စင်ကာပူနိုင်ငံတွင် ကျင်းပလျက်ရှိ

15326341_796817420457072_2299044855065294922_n

စင်ကာပူနိုင်ငံတွင် ဒီဇင်ဘာလ ၇ – ၉ ရက်နေ့ အထိကျင်းပလျက်ရှိသည့် FIFA Executive Football Summit နှင့် FIFA Forward Programme Workshop သို့  မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် CEO ဦးဘုန်းနိုင်ဇော်နှင့် အထွေထွေအတွင်းရေးမှုး ဦးကိုကိုသိန်းတို့  တက်ရောက်လျက်ရှိသည်။

15350507_796817717123709_1082938529196218672_n

အဆိုပါ အစည်းအဝေးများကို ကမ္ဘာ့ ဘောလုံးအဖွဲ့ ချုပ် (FIFA) မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး FIFA President Gianni Infantino က ဖီဖာ၏ ရှေ့ လုပ်ငန်းစဉ်များ၊ ဘောလုံးအဖွဲ့ ချုပ်များအား ကူညီထောက်ပံ့ပေးမှုများ၊ ကမ္ဘာ့ ဖလားပြိုင်ပွဲနှင့် သက်တမ်းအလိုက်ပြိုင်ပွဲများတွင် အသင်းအရေအတွက်တိုးချဲ့ ကျင်းပရေး ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဘောလုံးအဖွဲ့ ချုပ်အသီးသီးမှ ပြန်လှန်ဆွေးနွေးခဲ့ကြသည်။

ဒီဇင်ဘာ ၉ ရက်နေ့ တွင် FIFA Forward Programme Workshop အား ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဘောလုံးအဖွဲ့ ချုပ်များ Forward Programme လျောက်ထားရမည့် အသေးစိတ်အချက်အလက်များကို ဆွေးနွေးကြမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *