လူငယ်စီမံကိန်းများ ဆောင်ရွက်ရန်နှင့် ယူ-၁၄ အသင်းကို တာဝန်ယူရန် ပြင်သစ်လူမျိုး နည်းပြတစ်ဦး ခန့်အပ်

15621672_802125076592973_3495339466733780289_n

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)သည် လူငယ်စီမံကိန်းများ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် အတွက် အတွေ့အကြုံရှိ ပြင်သစ် နိုင်ငံသား နည်းပြ ရာဘာရှ် ဘန်လာဘီကို မြန်မာ့ လက်ရွေးစင် ယူ၁၄ အမျိုးသားအသင်း နည်းပြအဖြစ် (၁)နှစ် စာချုပ် ချုပ်ဆို ခန့်အပ် တာဝန် ပေးလိုက်သည်။

15540873_802125033259644_8746860289745140056_o

MFF အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်နှင့် ဘန်လာဘီတို့ ယနေ့ မွန်းလွဲပိုင်းတွင် သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြပြီး ဖြစ်ရာ ဘန်လာဘီ အနေဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ မြန်မာ ယူ၁၄ အသင်းနည်းပြ အဖြစ်လည်းကောင်း MFF ၏ လူငယ် စီမံကိန်းများတွင် လည်းကောင်း စတင် တာဝန်ထမ်းဆောင် သွားမည်ဖြစ်သည်။

ဘန်လာဘီသည် UEFA (A) လိုင်စင်နှင့် UEFA Youth Elite (A) လိုင်စင်ရ နည်းပြ တစ်ဦးဖြစ်ပြီး ကစားသမား ဘ၀က ပြင်သစ်ကလပ် PSG , Lens စသည့် အသင်းများတွင် ကစားခဲ့သူ တစ်ဦးဖြစ်သည်။ နည်းပြဘ၀ကို ၁၉၉၈ခုနှစ် က ဝင်ရောက်ခဲ့ပြီး ၁၉၉၈ မှ ၂၀၀၂ ခုနှစ်အထိ ဂျပန်ဘောလုံးအဖွဲ့ချုပ်လက်အောက်ရှိ J-Village Fukushima တွင် လူငယ်စီမံကိန်း နည်းပြ၊ ၂၀၀၇ ခုနှစ် မှ ၂၀၁၁ အထိ UAE လက်ရွေးစင်အသင်း နည်းပြ၊ ၂၀၁၁ မှ ၂၀၁၃ ခုနှစ်အထိ Shenzhen FC လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် နည်းပြဖြစ်သည်။ ထို့အပြင် အီရန်၊ တရုတ်၊ ဂျပန် သက်တမ်းအလိုက် လူငယ်အသင်းများနှင့် အမျိုးသမီးအသင်းများတွင်လည်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသည်။

နည်းပြ ဘဝဖြတ်သန်းမှုများ

JFA U20 Runner Up 1999 World Cup
UAE Pro League Champion 2008
UAE President Cup Winner 2007
U19 Asia Youth AFC Winner 2008 in Saudi Arabia, UAE Youth National Team
AFC U23Qualification in Qator 2016
Rio 2016 (ဘရာဇီးအိုလံပစ်) ခြေစစ်ပွဲအောင်၊ တရုတ် လက်ရွေးစင်အမျိုးသမီး

Leave a Reply

Your email address will not be published. Required fields are marked *