၂၀၁၆ ခုနှစ် အာဆီယံချန်ပီယံရှစ် ဖူဆယ်ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲတွင် မြန်မာအသင်း ဂိုးပြတ်အနိုင်ရရှိ

16251633_822835151188632_3893127475963169050_o

အာဆီယံချန်ပီယံရှစ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမနေ့ပွဲစဉ်များကို ဇန်နဝါရီ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင် ကျင်းပရာ မြန်မာအသင်းက လာအိုအသင်းကို ခြောက်ဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းအတွက် ဂိုးများကို ၁၃ မိနစ်တွင် ကျော်ဇင်လင်း ကလည်းကောင်း၊ ၂၂ မိနစ်တွင် အောင်ဇင်ဦး ကလည်းကောင်း၊ ၂၇ မိနစ်နှင့် မိနစ် ၄၀ တွင် ငြိမ်းမင်းဦးမှ လည်းကောင်း၊ ၃၂ မိနစ်နှင့် ၃၉ မိနစ်တို့တွင် ကောင်းချစ်သူမှ လည်းကောင်း သွင်းယူပေးခဲ့သည်။
ပထမနေ့ပွဲစဉ်များ အပြီးတွင် မြန်မာအသင်းက ဂိုးကွာခြားချက်အသာဖြင့် အုပ်စု (ခ) တွင် ပထမနေရာမှ ဦးဆောင်ထားနိုင်ခဲ့သည်။

Capture

RESULTS – 23 Jan 2017

Malaysia 6-5 Indonesia

Myanmar 6-1 Laos 

Timor Leste 2-11 Thailand 

FIXTURES – 24 Jan 2017

13:00 : Indonesia vs Myanmar

16:30 : Laos vs Malaysia

19:00 : Brunei vs Timor Leste

Leave a Reply

Your email address will not be published. Required fields are marked *