AFC Asian Cup UAE 2019 Qualifiers မဲခွဲပွဲ ကျင်းပ

16194946_822947151177432_5194689306855333679_n

AFC Asian Cup 2019 Qualifiers မဲခွဲပွဲကို ဇန်နဝါရီလ ၂၃ ရက်နေ့က ယူအေအီးနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါမဲခွဲပွဲတွင် Pot ၄ ခုကို FIFA ranking အရ ခွဲပြီး မဲနှိုက်ရွေးချယ်ခဲ့ရာ မြန်မာအသင်းက အုပ်စု (က) တွင် ကာဂျစ်စတန်၊ အိန္ဒိယ၊ မကာအိုအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။

16177809_822901524515328_1608968472482985051_o

အဆိုပါ ခြေစစ်ပွဲများကို အိမ်ကွင်း အဝေးကွင်းစနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အုပ်စု ပထမနှင့် ဒုတိယ အသင်း (၂) သင်းက ၂၀၁၉ ခုနှစ် အာရှဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစစ်ပွဲ ပထမဆုံးပွဲစဉ်အဖြစ် ၂၀၁၇ ခုနှစ် မတ်လ ၂၈ ရက် တွင် အိန္ဒိယအသင်းနှင့် အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *