MFF နှင့် MNL တို့၏ Hydration Partner အဖြစ် 100 PLUS နှင့် လက်မှတ်ရေးထိုး စာချုပ်

16665680_1220258211415259_5388398881441650002_o

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) နှင့် မြန်မာ နေရှင်နယ်လိဂ် (MNL) တို့၏ Official Hydration Partner အဖြစ် 100 PLUS နှင့် သဘောတူ စာချုပ် ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့မနက် (၁၀း၀၀)နာရီက Novotel Yangon Max ဟိုတယ် ပုသိမ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

16716195_833217323483748_3254874746993300518_o

အခမ်းအနားတွင် MFF & MNL ဒုတိယ ဥက္ကဋ္ဌဒေါက်တာ စိုင်းဆမ်ထွန်းက Partnership လက်မှတ်ရေးထိုးခြင်း နှင့်စပ်လျဉ်း၍ ကျေးဇူးတင် အမှာစကား ပြောကြားခဲ့သည်။ ဒု ဥက္ကဋ္ဌက မြန်မာ့ ဘောလုံး တိုးတက်ရေး အတွက် MFF နှင့် MNL တို့ကဏ္ဍ အသီးသီးမှ အားထုတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာတွင် တစ်ဦး တစ်ယောက် တစ်ဖွဲ့တည်း ဖြင့် ဆောင်ရွက်၍ မရပါကြောင်း၊ ၀ိုင်းဝန်း ပံ့ပိုးကူညီသည့် စပွန်ဆာများနှင့် ပါတနာများ မရှိဘဲ ဘောလုံး အောင်မြင်ဖို့ မည်သို့မျှ ဆောင်ရွက်၍ မဖြစ်နိုင်ပါကြောင်း၊ 100 Plus သည် ၂၀၁၃ ခုနှစ်မှ စ၍ မြန်မာ့ ဘောလုံးအတွက် တစ်ဖက် တစ်လမ်းမှ ပံ့ပိုးကူညီခဲ့သည့် အဖွဲ့အစည်း ဖြစ်ပြီး ယခုကဲ့သို့ ဆက်လက်၍ လက်တွဲ ဆောင်ရွက်ခြင်း အပေါ် အထူး ကျေးဇူး တင်ရှိပါကြောင်း လက်မှတ်ရေးထိုးမှု မစတင်မီ ကျေးဇူးတင်စကား ဆိုခဲ့သည်။

ယင်းနောက် 100 PLUS မှ မစ္စတာ ဖရက်ဒီက Partnership စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း အပေါ် ၀မ်းမြောက်ကြောင်း ဂုဏ်ပြုစကား ဆိုခဲ့ပြီး သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့ကြသည်။ MFF, MNL နှင့် 100 PLUS တို့ သဘောတူ စာချုပ် ချုပ်ဆိုရာတွင် MFF ဘက်မှ CEO ဦးဘုန်းနိုင်ဇော်၊ MNL မှ CEO ဦးစိုးမိုးကျော်၊ 100 PLUS (F&N) မှ Country Manager ဖြစ်သည့် Mr Freddy Oh နှင့်တာဝန်ရှိသူများ တက်ရောက်လက်မှတ် ရေးထိုးခဲ့ကြသည်။

100 PLUS သည် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ နှစ်စဉ် ကျင်းပလျက် ရှိသည့် 100 PLUS U14 Super Cup ကဲ့သို့ လူငယ် ပြိုင်ပွဲများ ကျင်းပရေး အတွက် ဆက်လက်ပံ့ပိုးပေး သွားမည်ဖြစ်ပြီး MFF & MNL ပြိုင်ပွဲ အသီးသီးတွင်လည်း 100 PLUS ရေဓာတ်ဖြည့်တင်း အားဖြည့်အချိုရည် များလည်း ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

16700321_833217416817072_346072974427946006_o

Leave a Reply

Your email address will not be published. Required fields are marked *