လက်ရှိချန်ပီယံ MIC အသင်း ရှုံးပွဲတွေ့ခဲ့ပြီး အမှတ်ပေးဇယားအပြောင်းအလဲဖြစ်ခဲ့တဲ့ Week 5 ပွဲစဉ်များ

17359164_625899954261506_567759386960199966_o

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပ၍ Skynet မှ Main Sponsor အဖြစ် ပံ့ပိုးကူညီသော MFF Myanmar Futsal League 2017 ပြိုင်ပွဲ၏ Week 5 ပွဲစဉ်များတွင် လက်ရှိချန်ပီယံ MIC FC ရှုံးပွဲ တွေ့ခဲ့ပြီး အမှတ်ပေးဇယားအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။
stading table week 5
Week 5 ပွဲစဉ်များ၏ Big Match အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရသော MIC FC နှင့် Pyay United FC တို့၏ ပွဲစဉ်တွင် တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ်ကစားကာ Pyay United အသင်းက (၃) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သည်။


ယခုတစ်ပတ်ပွဲစဉ်များတွင် UPT FC အနေဖြင့် UM FC ကို အနိုင်ကစားပြီး ပထမဆုံးနိုင်ပွဲ စတင်ရရှိခဲ့သည်။ အခြားပွဲစဉ်များတွင် VUC FC က Yamonnya FC ကို (၅) ဂိုး (၂) ဂိုးဖြင့်လည်းကောင်း၊ White Colour FC က Yangon City FC ကို (၂) ဂိုး (၁) ဂိုးဖြင့်လည်းကောင်း၊ Titans XII FC က Myoma FC ကို (၁၈) ဂိုး (၁) ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *