ဒုတိယ ခြေစမ်းပွဲတွင် ဘာရိန်း ယူ၂၀ကို မြန်မာ အသင်း (၅-၃)ဂိုးဖြင့် အနိုင်ရရှိ

21

အာရှ ယူ၂၀ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရောက်ရှိလေ့ကျင့် နေသည့် မြန်မာ့ လက်ရွေးစင် ယူ၂၀ ဖူဆယ်အသင်းသည် ယနေ့ ညနေ (၃း၃၀)နာရီက ဘာရိန်း လက်ရွေးစင် ယူ၂၀ အသင်းနှင့် ဘန်ကောက်မြို့ Kasem Bandid University ကွင်းတွင်ခြေစမ်း ကစားခဲ့ရာ မြန်မာက (၅-၃) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 20

ဒုတိယမြောက် ခြေစမ်းပွဲ ဖြစ်သည့် ဘာရိန်းနှင့် ခြေစမ်းပွဲတွင် မြန်မာ အသင်းသည် ပထမပိုင်း ပွဲစလျင် စချင်းဆိုသလို ဘာရိန်း၏ ဦးဆောင်ဂိုးကို ခွင့်ပြုလိုက်ရသော်လည်း နောက်ပိုင်း ကစားပုံ ပိုမို ကောင်းမွန်လာကာ ပထမပိုင်း အပြီးတွင် (၂-၁)ဂိုးဖြင့် အနိုင်ရရှိနေ ခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာက သုံးဂိုးဆက် ထပ်မံသွင်းယူပြီး ဘာရိန်းက နှစ်ဂိုး ပြန်လည် ချေပနိုင်သဖြင့် ပွဲအပြီးတွင် မြန်မာ ယူ၂၀ ဖူဆယ်အသင်းက (၅-၃)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
2017 AFC U20 Futsal Championship ပြိုင်ပွဲကို မေလ ၁၆ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အရီနာ ကွင်းတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် မြန်မာ ယူ၂၀ ဖူဆယ် အသင်းသည် အုပ်စု (ဂ)တွင် ဥဇဘတ်ကစ္စတန်၊ ကာတာ၊ လက်ဘနွန်၊ ဟောင်ကောင် အသင်းများနှင့် ကျရောက်လျက် ရှိသည်။
မြန်မာ ဖူဆယ် ယူ၂၀ အသင်းကို MFF MYANMAR FUTSAL LEAGUE 2017 ပြိုင်ပွဲဝင် အသင်းများ၏ လူငယ် ကစားသမားများကို ရွေးချယ်ဖွဲ့စည်း ထားခြင်းဖြစ်ပြီး အီရန် နိုင်ငံသား နည်းပြ ရီဇာမှ တာဝန်ယူ ကိုင်တွယ်လျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *