MFF Futsal Referee Refersher Course 2018 သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

The MFF » Futsal » MFF Futsal Referee Refersher Course 2018 သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

June 28, 2018 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် MFF Futsal Referee Refersher Course 2018 သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၂၈ ရက်နေ့ နေ့လည် ၃ နာရီ အချိန်က သုဝဏ္ဏကွင်း အတွင်းရှိ သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ကျင်း ပခဲ့သည်။

ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သင်တန်း နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ထိုအခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက သင်တန်းဆင်းအမှာ စကားပြောကြားခဲ့ပြီး သင်တန်းသားများကို တစ်ဦးချင်းစီ အလိုက်သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် သြဂုတ်လ အတွင်းကျင်းပမည့် MFF Futsal League 2018 ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ဒိုင်လူကြီးများ၏ အရည်အသွေး တိုးတက်လာစေရန် ရည်ရွယ်၍ သုံးရက်ကြာ ဖွင့်လှစ် ခဲ့သော ယင်းသင်တန်းသို့ သင်တန်းသား ၂၃ ဦးတက်ရောက်ခဲ့ကြသည်။