MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်များထွက်ပေါ်

The MFF » Futsal » MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်များထွက်ပေါ်

July 2, 2018 / By Admin

MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်များ ပွဲစဉ်ဇယားရေးဆွဲခြင်း အခမ်းအနားကို ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၀နာရီ အချိန်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ကျင်းခဲ့သည်။

ထိုအခမ်းအနားသို့ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ခြေစစ်ပွဲ၊ ပွဲစဉ်များကို မဲနှိုက်၍ ဆုံးဖြတ်ခဲ့ကြသည်။

36570424_1476245792481697_7866043306235396096_n

MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်များကို ဇူလိုင်လ ၉ ရက်နေ့ မှ ၁၇ ရက်နေ့အထိ NIS(1)တွင် ကျင်းပမည် ဖြစ်သည်။ ခြေစစ်ပွဲစဉ်များသို့ Comrade FC၊ Shwe Myawaddy FC၊ GV Athletics FC၊ RDZ FCနှင့် AMM FC အသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင် ကစားစေကာ အမှတ်အများဆုံး သုံးသင်းသည် သြဂုတ်လ အတွင်း ကျင်းပမည့် MFF Myanmar Futsal League 2018 ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင် ခွင့်ရရှိမည် ဖြစ်သည်။

Nyi Moe