ႏွစ္ပဲြကစားၿပီး အုပ္စု (က)ထမ ေနရာျဖင့္ ျမန္မာအသင္း ဦးေဆာင္

1aaddfefd

ျမန္မာ့ လက္ေရြးစင္ အသင္းသည္ ဆူဇူကီးဖလား အုပ္စု ဒုတိယ ပဲြစဥ္အျဖစ္ ယေန႔ ေဒသစံေတာ္ခ်ိန္ ည(၇း၃၀)နာရီက လာအုိ လက္ေရြးစင္ အသင္းႏွင့္ ဗီယန္က်င္းၿမိဳ႕တြင္ ယွဥ္ၿပိဳင္ ကစားခဲ့ရာ (၁-၃)ဂိုးျဖင့္ အႏုိင္ရရိွခဲ့ၿပီး ၂ ပဲြကစား ရမွတ္ (၆)မွတ္ျဖင့္ ဗီယက္နမ္ အသင္းထက္ သြင္းဂိုး အသာရကာ အမွတ္ေပးဇယားကို ဦးေဆာင္
ထားႏိုင္ခဲ့သည္။

ယေန႔ပဲြစဥ္တြင္ လာအုိ အသင္းက ၁၃ မိနစ္မွာပင္ အဖြင့္ဂိုး ရရိွခဲ့ေသာ္လည္း ပထမပိုင္း ၿပီးကာနီး ၄၅ မိနစ္တြင္ ေအာင္သူက ျပန္လည္ေခ်ပခဲ့သျဖင့္ (၁-၁)ဂိုး
သေရ က်ေနခဲ့သည္။ ဒုတိယပိုင္းတြင္ ဇင္မင္းထြန္း လုယူေပးေသာ ေဘာလံုးကို ထက္ျဖိဳးေ၀က အားပါေသာ ကန္ခ်က္ျဖင့္ ျမန္မာအတြက္ အႏိုင္ဂိုး ရရွိေစခဲ့သည္။
တတိယေျမာက္ အႏိုင္ဂိုးကို ေမာင္ေမာင္လြင္ ဘယ္ေတာင္ပံမွ သိန္းသန္း၀င္း အေကာင္းဆံုး ျဖတ္တင္ေပးပို႔မႈကုိ ၆ ကိုက္စည္းအတြင္း အသာအယာ ပိတ္ယူကာ
ျမန္မာအသင္းအတြက္ အႏိုင္(၃)မွတ္ကို ေသခ်ာေစခဲ့ျခင္း ျဖစ္သည္။

ပဲြအၿပီးတြင္ နည္းျပခ်ဳပ္ အန္တြမ္နီေဟးကဒီေန႔ ႏိုင္ပဲြအတြက္ ေက်နပ္ပါတယ္။ ပထမပိုင္း မိနစ္(၃၀)ကေန နည္းဗ်ဴဟာ အနည္းငယ္ အေျပာင္းအလဲ ျပဳလုပ္ၿပီး ဂိုးေတြလည္း ရလာခဲ့တယ္။ ဘယ္ေတာင္ပံကေနေရာ ညာေတာင္ပံကေနပါ ေတာက္ေလွ်ာက္ ဖိအားေပးႏိုင္ခဲ့ပါတယ္။ တတိယ ဂိုးဟာ ဘယ္အျခမ္းကေန တုိက္စစ္ဆင္ၿပီး ရသြားခဲ့တာပါ။ ဒုတိယပိုင္းမွွာ အသင္းက ပိုေကာင္းလာတယ္။ ဒါေပမဲ့ ပထမပိုင္းမွာလည္း ဂိုးေတြပိုရၿပီး ပဲြခ်ိန္အျပည့္ အေကာင္းဆံုး ကစားႏိုင္ဖို႔ ကြ်န္ေတာ္တုိ႔ ၾကိဳးစားသြားမွာပါ။ ရန္ကုန္မွာ ကစားမယ့္ ဗီယက္နမ္နဲ႔ပဲြစဥ္ကေတာ့ ပရိသတ္ ကြင္းအျပည့္နဲ႔ အားေပးၾကမွာ ျဖစ္တဲ့အတြက္ ကြ်န္ေတာ္တုိ႔ အားအင္အျပည့္ အေကာင္း ဆံုး ကစားႏိုင္မွာပါ။ ပရိသတ္ေတြ အားေပးမႈနဲ႔အတူဆီမီးဖိုင္နယ္ကို တက္ေရာက္ႏုိင္မယ္လုိ႔ ယံုၾကည္ထားပါတယ္။” ဟုေျပာၾကားခဲ့သည္။

ယေန႔ပဲြတြင္ အေကာင္းဆံုး ကစားသမားဆုကို ေဒးဗစ္ထန္က ရရွိသြားခဲ့ၿပီ ယင္းဆုမွာ ကစားသမား သက္တမ္းတေလ်ာက္ ႏိုင္ငံတကာပဲြတြင္ အေကာင္းဆံုးဆု ရရွိခဲ့ျခင္းျဖစ္သည္။

” ဒါက ကစားသမား ဘ၀မွာ လက္ေရြးစင္ အသင္းနဲ႔အတူ အေကာင္းဆံုးဆု ပထမဆံုး ရရွိခဲ့ျခင္းပါ။ အရမ္းပဲ ၀မ္းသာပါတယ္။ ဒီဆုက အသင္းေဖာ္ေတြနဲ႔ နည္းျပအဖဲြ႔အတူပံံ့ပိုးေပးလုိ႔ ရခဲ့ျခင္းပါ။ လာမယ့္ ပဲြေတြမွာလည္း ကြ်န္ေတာ္ အေကာင္းဆံုး ဆက္လက္ၾကိဳးစားသြားပါမယ္” ဟု ေဒးဗစ္က ေျပာသည္။

1mmteam

မြန်မာ့ လက်ရွေးစင် အသင်းသည် ဆူဇူကီးဖလား အုပ်စု ဒုတိယ ပွဲစဉ်အဖြစ် ယနေ့ ဒေသစံတော်ချိန် ည(ရး၃၀)နာရီက လာအို လက်ရွေးစင် အသင်းနှင့် ဗီယန်ကျင်းမြို့တွင် ယှဉ်ပြိုင် ကစားခဲ့ရာ (၁-၃)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ၂ ပွဲကစား ရမှတ် (၆)မှတ်ဖြင့် ဗီယက်နမ် အသင်းထက် သွင်းဂိုး အသာရကာ အမှတ်ပေးဇယားကို ဦးဆောင်
ထားနိုင်ခဲ့သည်။

ယနေ့ပွဲစဉ်တွင် လာအို အသင်းက ၁၃ မိနစ်မှာပင် အဖွင့်ဂိုး ရရှိခဲ့သော်လည်း ပထမပိုင်း ပြီးကာနီး ၄၅ မိနစ်တွင် အောင်သူက ပြန်လည်ချေပခဲ့သဖြင့် (၁-၁)ဂိုး
သရေ ကျနေခဲ့သည်။ ဒုတိယပိုင်းတွင် ဇင်မင်းထွန်း လုယူပေးသော ဘောလုံးကို ထက်ဖြိုးဝေက အားပါသော ကန်ချက်ဖြင့် မြန်မာအတွက် အနိုင်ဂိုး ရရှိစေခဲ့သည်။
တတိယမြောက် အနိုင်ဂိုးကို မောင်မောင်လွင် ဘယ်တောင်ပံမှ သိန်းသန်းဝင်း အကောင်းဆုံး ဖြတ်တင်ပေးပို့မှုကို ၆ ကိုက်စည်းအတွင်း အသာအယာ ပိတ်ယူကာ
မြန်မာအသင်းအတွက် အနိုင်(၃)မှတ်ကို သေချာစေခဲ့ခြင်း ဖြစ်သည်။

ပွဲအပြီးတွင် နည်းပြချုပ် အန်တွမ်နီဟေးကဒီနေ့ နိုင်ပွဲအတွက် ကျေနပ်ပါတယ်။ ပထမပိုင်း မိနစ်(၃၀)ကနေ နည်းဗျူဟာ အနည်းငယ် အပြောင်းအလဲ ပြုလုပ်ပြီး ဂိုးတွေလည်း ရလာခဲ့တယ်။ ဘယ်တောင်ပံကနေရော ညာတောင်ပံကနေပါ တောက်လျှောက် ဖိအားပေးနိုင်ခဲ့ပါတယ်။ တတိယ ဂိုးဟာ ဘယ်အခြမ်းကနေ တိုက်စစ်ဆင်ပြီး ရသွားခဲ့တာပါ။ ဒုတိယပိုင်းမှှာ အသင်းက ပိုကောင်းလာတယ်။ ဒါပေမဲ့ ပထမပိုင်းမှာလည်း ဂိုးတွေပိုရပြီး ပွဲချိန်အပြည့် အကောင်းဆုံး ကစားနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ရန်ကုန်မှာ ကစားမယ့် ဗီယက်နမ်နဲ့ပွဲစဉ်ကတော့ ပရိသတ် ကွင်းအပြည့်နဲ့ အားပေးကြမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အားအင်အပြည့် အကောင်း ဆုံး ကစားနိုင်မှာပါ။ ပရိသတ်တွေ အားပေးမှုနဲ့အတူဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။” ဟုပြောကြားခဲ့သည်။

ယနေ့ပွဲတွင် အကောင်းဆုံး ကစားသမားဆုကို ဒေးဗစ်ထန်က ရရှိသွားခဲ့ပြီ ယင်းဆုမှာ ကစားသမား သက်တမ်းတလျောက် နိုင်ငံတကာပွဲတွင် အကောင်းဆုံးဆု ရရှိခဲ့ခြင်းဖြစ်သည်။

” ဒါက ကစားသမား ဘဝမှာ လက်ရွေးစင် အသင်းနဲ့အတူ အကောင်းဆုံးဆု ပထမဆုံး ရရှိခဲ့ခြင်းပါ။ အရမ်းပဲ ဝမ်းသာပါတယ်။ ဒီဆုက အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့အတူပံံ့ပိုးပေးလို့ ရခဲ့ခြင်းပါ။ လာမယ့် ပွဲတွေမှာလည်း ကျွန်တော် အကောင်းဆုံး ဆက်လက်ကြိုးစားသွားပါမယ်” ဟု ဒေးဗစ်က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *