မြန်မာ – ဗီယက်နမ် နှစ်ဖက်နည်းပြများ၏ ပွဲပြီး ပြောစကားများ

701A1650

၂၀၁၈ ဆူဇူကီး ဖလားပြိုင်ပွဲ အုပ်စု တတိယ ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြသည့် မြန်မာ့လက်ရွေးစင် အသင်းနှင့် ဗီယက်နမ် အသင်းတို့ ပွဲစဉ် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ပြီးနောက် နှစ် ဖက်နည်းပြ များ၏ ပွဲပြီး ပြောစကားများကို ဖော်ပြပေးလိုက်ပါသည်။
Antoine Hey (မြန်မာအသင်းနည်းပြချုပ်)
——————————
ဒီပွဲရလဒ်နဲ့ ပတ်သက်ပြီး ကျေနပ်ပါတယ်။ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး နှစ်သင်းစလုံးအတွက် အကောင်းဆုံး အခွင့်အရေးတွေ ရရှိခဲ့ပြီး ဖျော်ဖြေမှု တွေပေးနိုင်ခဲ့ပါတယ်။ သရေတစ်မှတ်က ကျွန်တော်တို့ အသင်းအတွက် မလေးရှားအသင်းနဲ့ ကစားဖို့ ခွန်အားဖြစ်စေပါတယ်။ ဒီနေ့ပွဲမှာ နည်းဗျူဟာ ကြောင့် ကစားသမားငါးဦးအထိ အပြောင်းအလဲလုပ်ခဲ့တာကြောင့် နောက်ပွဲအတွက် ကြံ့ခိုင်မှု အပိုင်းမှာလည်း စိုးရိမ်စရာမရှိပါဘူး။
————————–

701A1617
Park Hang Seo (ဗီယက်နမ် အသင်း နည်းပြချုပ်)
ကျွန်တော်တို့က အနိုင်ရဖို့ ပြင်ဆင်လာခဲ့ပေမဲ့ သရေရလဒ် ရခဲ့လို့ အသင်းရဲ့ ရလဒ်ပိုင်းကို မကျေနပ်ပါဘူး။ ပထမပိုင်းမှာ ကျွန်တော်တို့ ကစားပုံ မကောင်းခဲ့ပဲ ဒုတိယပိုင်းရောက်မှ ကစားပုံကောင်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *