MFF 100PLUS U14 Boys Super Cup 2015 ပြိုင်ပွဲဖွင့်လှစ်

701A1406

MFF 100 PLUS U14 Boys Super Cup 2015 အသက်(၁၄)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၂၉)ရက်နေ့ နံနက် (၉)နာရီ (၁၅)မိနစ်တွင် ရန်ကုန်မြို့၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးအနီးရှိ မြက်ခင်းတုတွင် ကျင်းပ ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို ဘောလုံးအကယ်ဒမီ(ရန်ကုန်) ပန္နက်ရိုက်ပွဲ အခမ်းအနားအပြီးတွင် ဆက်လက်ကျင်းပခဲ့ခြင်းဖြစ်သည်။ ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ဥက္ကဋ္ဌ  ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌ  ဦးပြည့်ဖြိုးတေဇ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ နှင့် ရခိုင်ယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးဇော်မင်းသိန်းတို့ တက်ရောက်ခဲ့သည်။

701A1342

ထို့နောက် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင်မည့် အသင်းနှစ်သင်းဖြစ်သည့် မန္တလေး အကယ်ဒမီ (က) အသင်းနှင့် ဧရာဝတီဘောလုံးအသင်းတို့ ကွင်းအတွင်းနေရာယူပြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက သတ်မှတ် နေရာတွင် ဘောလုံးအားကန်သွင်း၍ ပြိုင်ပွဲကို စတင်ပေးခဲ့သည်။ အဆိုပါပွဲတွင် ပွဲစဉ်ဇယား ရေးဆွဲမှုအရ အုပ်စု(က)တွင် မန္တလေး ဘောလုံး အကယ်ဒမီ (က)၊ တပ်မတော် ဘောလုံးအကယ်ဒမီ၊ ဧရာ ၀တီ ဘောလုံး အကယ်ဒမီ၊ ဇွဲကပင် ဘောလုံး အကယ်ဒမီ(က) အသင်းများ ပါဝင်ပြီး  အုပ်စု(ခ)တွင် ဇွဲကပင် အကယ်ဒမီ (ခ)၊ ရတနာပုံ အကယ်ဒမီ၊ မန္တလေးအကယ်ဒမီ၊ ရန်ကုန်ယူနိုက်တက် အကယ်ဒမီတို့ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

701A1402

ပြိုင်ပွဲအား ၂၀၁၅ ဒီဇင်ဘာ ၂၆ မှ ၃၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကာ တန်ဖိုးအရှိဆုံး ကစားသမားဆု ကိုလည်း ရွေးချယ်
ပေးအပ်သွား မည်ဖြစ်သည်။ ထူးချွန်သည့် ကစားသမားများကို မြန်မာ့လက်ရွေးစင် လူငယ် အသင်းများ အတွက် ပြုစုပျိုး
ထောင်သွားမည် ဖြစ်ကာ သြစတြေးလျ  နည်းပြ အဲရစ်ဝီလျံ၏ တာဝန်ယူကိုင်တွယ်မှုဖြင့် ဖီဖာ ယူ၁၇ ကမ္ဘာ့ ဖလား ခြေစစ် ပဲ
ွအောင်မြင်မှု ရရှိရန် အသင်းကောင်း တစ်သင်းအဖြစ် ကြိုးပမ်းတည်ဆောက် သွားမည်ဖြစ်သည်။ ပြိုင်ပွဲကာလအတွင်း
Scouting Team ထားရှိပြီး ကစားသမား ရွေးချယ်မှု များ ပြုလုပ်သွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *