Myanmar U-22 team squad announce for 2019 ASEAN U-22 Championship

The MFF » latest news » Myanmar U-22 team squad announce for 2019 ASEAN U-22 Championship

November 14, 2019 / By Admin

မြန်မာလက်ရွေးစင် ယူ-၂၂ အသင်း နည်းပြချုပ် မစ္စတာ ဗယ်လစ်ဇာ ပိုပေါ့ဗ်သည် ၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ကစားသမား စာရင်းကို ကြေညာလိုက်ပြီ ဖြစ်ပါသည်။

အပြီးသတ် ကစားသမား ၂၃ ဦး စာရင်း ထုတ်ပြန်ခြင်း နှင့်ပတ်သက်ပြီး နည်းပြချုပ် မစ္စတာ ဗယ်လစ်ဇာ ပိုပေါ့ဗ်က “နောက်ဆုံး လူစာရင်းမှာ ကစားသမား တချို့ကို ဒဏ်ရာပြဿနာကြောင့် ချန်လှပ်ခဲ့ရပါတယ်။ ရန်ကုန်ယူနိုက်တက် အသင်းရဲ့ ကစားသမားတွေကိုတော့ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲကြောင့် အသင်းနဲ့ ပူးတွဲလေ့ကျင့်ချိန် မရှိခဲ့လို့ ထားခဲ့ရတာပါ။ ဂိုးသမားဆိုတာက အသင်းနဲ့ အလျင်အမြန် အသားကျနိုင်တာကြောင့် ဆန်းဆက်နိုင်ကိုတော့ ရွေးချယ်ခဲ့ပါတယ်။

MFF U-19 အသင်းက ကစားသမားလေး နှစ်ယောက်ကတော့ ငယ်ရွယ်လွန်းပေမယ့် အသင်းနဲ့ ပူးတွဲလေ့ကျင့်ချိန်မှာ အကောင်းဆုံး လိုက်လုပ်နိုင်ခဲ့ကြပါတယ်။ ဒီအတွေ့အကြုံတွေကြောင့် နောက်ဆိုရင် ပိုကောင်းလာနိုင်ပါတယ်” ဟု ပြောသည်။

မြန်မာလက်ရွေးစင် ယူ-၂၂ အသင်းသည် ယနေ့ ညနေပိုင်းတွင် သုဝဏ္ဏကွင်းအတွင်း လေ့ကျင့်ခန်း အစီအစဉ်အျားကို ဆက်လက် ပြုလုပ်မည် ဖြစ်သည်။

မြန်မာလက်ရွေးစင်ယူ-၂၂ အသင်းအနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းတွင် အာဆီယံယူ-၂၂ ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရန် ကမ္ဘောဒီးယား နိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး ယင်းနေ့နံနက်ပိုင်းအထိ လေ့ကျင့်ခန်း အစီအစဉ်များကို ပြုလုပ်ဦးမည် ဖြစ်သည်။

မြန်မာလက်ရွေးစင် ယူ-၂၂ အသင်းသည် ၂၀၁၉ အာဆီယံယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်များအဖြစ် ဖေဖော်ဝါရီ ၁၈ ရက်၊ မွန်းလွဲ ၃း၀၀ နာရီတွင် အင်ဒိုနီးရှား အသင်းနှင့် လည်းကောင်း၊ ၂၀ ရက် ညနေ ၆း၀၀ နာရီတွင် အိမ်ရှင် ကမ္ဘောဒီးယား အသင်းနှင့် လည်းကောင်း၊ ၂၂ ရက် မွန်းလွဲ ၃း၀၀ နာရီတွင် မလေးရှား အသင်းနှင့် လည်းကောင်း ကစားရမည်ဖြစ်သည်။