ဆီးဂိမ်းစ်ပြိုင်ပွဲ တတိယဆုရ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား ဂုဏ်ပြုကြိုဆို

The MFF » Latest Activities » ဆီးဂိမ်းစ်ပြိုင်ပွဲ တတိယဆုရ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား ဂုဏ်ပြုကြိုဆို

December 9, 2019 / By Admin

အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဒီဇင်ဘာလ ၉ရက်နေ့ ညနေပိုင်းက ဖိလစ်ပိုင်နိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့သည်။

တတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို အမျိုးသမီးဘောလုံးကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အားကစားသမားများ၊ သက်တမ်းအလိုက်မြန်မာ့လက်ရွေးစင်အသင်းများ၊ ဧရာဝတီဘဏ်မှ တာဝန်ရှိသူများ၊ မြန်မာဘောလုံးပရိသတ်များ လာရောက်ကြိုဆိုခဲ့ကြသည်။