ပဏာမ မြန်မာ့လက်ရွေးစင် အသင်း ရက်တိုလေ့ကျင့်မှု ပြီးဆုံး

The MFF » latest news » ပဏာမ မြန်မာ့လက်ရွေးစင် အသင်း ရက်တိုလေ့ကျင့်မှု ပြီးဆုံး

March 17, 2020 / By Admin


ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် အသင်းလိုက်စုစည်းမှုကောင်း ရရှိစေရေး အတွက် မတ်လ ၁၂ ရက်နေ့မှ ယနေ့ မတ်လ ၁၇ ရက်နေ့အထိ ရက်တို ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းအနေဖြင့် လေ့ကျင့်မှုကာလတွင် နိုင်ငံတကာ ခြေစမ်းပွဲ မကစားနိုင်သည့်အတွက် MNL Foreigners ကစားသမားများနှင့် ယနေ့ညနေက သုဝဏ္ဏကွင်းတွင် ကွင်းပိတ်ခြေစမ်းခဲ့သည်။ ခြေစမ်းရာတွင် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းက MNL Foreigners အသင်းကို (၄ – ၃)ဂိုးဖြင့် အနိုင်ရခဲ့သည်။

ပဏာမ မြန်မာ့လက်ရွေးစင် အသင်းအတွက် ရန်နိုင်ဦး၊ မောင်မောင်ဝင်း၊ မျိုးကိုထွန်း၊ ပြည်မိုး တို့က သွင်းယူခဲ့ပြီး နိုင်ငံခြားသား ကစားသမားများအတွက် အီမီကာ၊ မူကီး၊ အီမန်နူရယ် တို့က သွင်းယူပေးခဲ့သည်။