ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်း ဧရာဝတီ ယူနိုက်တက်နှင့် ခြေစမ်းပွဲတွင် သရေရလဒ် ထွက်ပေါ်

The MFF » latest news » ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်း ဧရာဝတီ ယူနိုက်တက်နှင့် ခြေစမ်းပွဲတွင် သရေရလဒ် ထွက်ပေါ်

December 7, 2016 / By Admin

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့သို့ လေ့ကျင့်ရေး ခရီးစဉ် သွားရောက်မည့် ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းသည် ခရီးစဉ် မတိုင်မီ နောက်ဆုံး ခြေစမ်းပွဲ အဖြစ် ယမန်နေ့ ညနေပိုင်းက မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ဧရာဝတီ ယူနိုက်တက် အသင်းနှင့် ခြေစမ်းပွဲတစ်ရပ် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၂)ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။

ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းကို နှစ်သင်းခွဲ၍ လေ့ကျင့်နေခြင်း ဖြစ်ရာ ယခု တရုတ်နိုင်ငံသို့ သွားရောက်မည့် အသင်းကို အဆိုပါ အသင်းနှစ်သင်းရှိ ကစားသမားများ အနက်မှ ရွေးထုတ်ထားခြင်း ဖြစ်သည်။

ခြေစမ်းပွဲကို မိနစ် (၃၀) စီ သုံးပိုင်းပိုင်းကာ ကစားခဲ့ခြင်း ဖြစ်ပြီး ပထမပိုင်းတွင် ဧရာဝတီ ယူနိုက်တက်တွင် ခြေစွမ်းလာရောက် စမ်းသပ်နေသည့် နိုင်ငံခြား ကစားသမား စီဘက်ရှန်က ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ယူ-၁၈ အသင်းမှ ဝင်းနိုင်ထွန်းနှင့် ပြည့်စုံနိုင်တို့ ချေပဂိုးနှင့် ဦးဆောင်ဂိုးများ သွင်းယူကာ ပွဲကို တစ်ဖန် ပြန်လည် ဦးဆောင် နိုင်ခဲ့သည်။ တတိယ ပိုင်းတွင် ဧရာဝတီ အတွက် အောင်ကောင်းမာန် က ချေပဂိုး ပြန်လည် သွင်းယူခဲ့သောကြောင့် ပွဲအပြီးတွင် (၂-၂) ဂိုးဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ယူ-၁၈ အသင်း နည်းပြချုပ် ဦးညီညီလတ် အနေဖြင့် ယခုပွဲတွင် ကစားသမား အားလုံးနီးပါးကို ထည့်သွင်းသုံးစွဲ ခဲ့သည်။

ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းသည် လာမည့် ဒီဇင်ဘာ ၈ ရက်တွင် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့သို့ သွားရောက်ကာ ရက် ၂၀ ခန့် နေထိုင်လေ့ကျင့်မှု ပြုလုပ်သွားမည် ဖြစ်သည်။ ယင်းသို့ လေ့ကျင့်နေစဉ် ကာလအတွင်း ခြေစမ်းပွဲများ ကစားသွားရန်လည်း စီစဉ်ထားသည်။

တရုတ်နိုင်ငံ ကွမ်ကျိုးသို့ သွားရောက် လေ့ကျင့်မှု ပြုလုပ်မည့် ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်း

အုပ်ချုပ်/ နည်းပြ အဖွဲ့

အသင်းအုပ်ချုပ်သူ – ဦးမိုးဝေအောင်
နည်းပြချုပ် – ဦးညီညီလတ်
လက်ထောက်နည်းပြ – ဦးမင်းသူ
ဂိုးနည်းပြ – ဦးမြကိုမင်း
အသင်းဆရာဝန် – ဒေါက်တာ ဖြိုးမင်းဦး
သူနာပြု – ဦးပြည့်ဖြိုးအောင်
မီဒီယာ – ဦးဇော်ဇော်လတ်

ကစားသမားများ

ဂိုးသမား – ထွန်းနန္ဒဦး (မြဝတီ)၊ ထက်ဝေယံစိုး၊ ခေါင်ဘုန်းကျော် (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)။

နောက်တန်း – ဇင်မင်းထက် (မြဝတီ)၊ စိုးမိုးကျော်၊ ထက်မျိုးအောင် (အား/ကာ သိပ္ပံ)၊ ကျော်ဖြိုးဝေ၊ စည်သူမိုးခန့်၊ အောင်ဝဏ္ဏစိုး၊ ပြည့်ဖြိုးမောင်၊ သက်ပိုင်ထွေး၊ မင်းမြတ်သူ၊ သူရစံ (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)။

အလယ်တန်း – ပြည့်စုံနိုင်၊ ထက်ဖြိုးဝေ၊ မြတ်ကောင်းခန့်၊ သက်ပိုင်ထူး (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)၊ လွင်မိုးအောင်၊ ဝေလင်းအောင်၊ သန့်ဇင်မြင့် (အား/ကာ သိပ္ပံ)၊ ရှိုင်းဝဏ္ဏအောင် (မြဝတီ)။

ရှေ့တန်း – ဟိန်းထက်အောင်၊ ဝင်းနိုင်ထွန်း (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)၊ သန်းကျော်ဌေး (ရခိုင်ယူနိုက်တက်)၊ ခင်ကျော်ဝင်း (အား/ကာ သိပ္ပံ)။

Tags

Leave a Reply

Your email address will not be published. Required fields are marked *