လူငယ်မျိုးဆက်သစ် ဖူဆယ်ဒိုင်လူကြီးသင်တန်း ၂၀၁၈၊ သင်တန်းဆင်းပွဲ ကျင်းပ

The MFF » Futsal » လူငယ်မျိုးဆက်သစ် ဖူဆယ်ဒိုင်လူကြီးသင်တန်း ၂၀၁၈၊ သင်တန်းဆင်းပွဲ ကျင်းပ

December 4, 2018 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ၊ ဒိုင်လုပ်ငန်းဌာနမှ ဖွင့်လှစ်သည့် လူငယ်မျိုးဆက်သစ် ဖူဆယ်ဒိုင်လူကြီး
သင်တန်း ၂၀၁၈၊ သင်တန်း ဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၄ ရက်က သုဝဏ္ဏဘောလုံးကွင်းတွင် ပြုလုပ်ခဲ့သည်။
 
သင်တန်း ဆင်းပွဲသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ ဒိုင်ကော်မတီ ဥက္ကဌ ဦးဝင်းချို၊ ဒိုင်လုပ်ငန်းဌာန ဒါရိုက်တာ ဦးထွန်းလှအောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
 
အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက သင်တန်းဆင်းပွဲ အမှာစကား ပြောကြားခဲ့ပြီးနောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
 
 
ယင်းနောက် တာဝန်ရှိသူများက သင်တန်းသားများကို သင်တန်းဆင်းလက်မှတ် ချီးမြှင့်ခဲ့သည်။ အကောင်းဆုံး သင်တန်းသားဆုကို ဦးသူရိန်ဥာဏ်ဝင်းက ရရှိခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်တို့က ဂုဏ်ပြုဆုလက်ဆောင် ချီးမြှင့်ပေးခဲ့ကာ အမှတ်တရဓါတ်ပုံ ရိုက်ကူးပြီး အခမ်းအနား ရုတ်သိမ်းခဲ့သည်။