အာရှဘောလုံး အဖွဲ့ချုပ် AFC အမှုဆောင် အစည်းအဝေး Video Conference ဖြင့်ကျင်းပ

The MFF » latest news » အာရှဘောလုံး အဖွဲ့ချုပ် AFC အမှုဆောင် အစည်းအဝေး Video Conference ဖြင့်ကျင်းပ

July 23, 2020 / By Admin

အာရှ ဘောလုံး အဖွဲ့ချုပ် AFC အလုပ်အမှုဆောင် အစည်းအဝေးအား Video Conference ဖြင့် ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။ အစည်းအဝေးတွင် AFC ဥက္ကဋ္ဌ ရှိတ်ဆာလ်မန်၊ AFC ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဇော်(မြန်မာ)နှင့် ကာတာ၊ အီရန်၊ မွန်ဂိုလီယား၊ ပါကစ္စတန်တို့မှ ဒုတိယ ဥက္ကဋ္ဌ များအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် AFC အထွေထွေ အတွင်း ရေးမှုးတို့ အတူတကွ ဆွေးနွေးခဲ့ကြသည်။
AFC ဥက္ကဋ္ဌက COVID19 ကာလအတွင်း AFC အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးအား Video Conference ဖြင့် ကျင်းပပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ တက်ရောက်ဆွေးနွေးသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာ စကား ပြောကြားပြီးနောက် ပြီးခဲ့သည့် အစည်းအဝေးမှ အတည်ပြု ရမည့်ကဏ္ဍများအား ဆွေးနွေး အတည်ပြုခဲ့ကြသည်။
ယင်းနောက် အစီအစဉ်အတိုင်း အာရှ ဘောလုံး အဖွဲ့ချုပ်၏ စီမံအုပ်ချုပ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ္ဏာရေးနှင့် ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ် များ၊ ဥပဒေရေးရာနှင့် စာရင်းစစ်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်သူများ၏ အတည်ပြုချက်များ ရယူခဲ့ကြသည်။