December 22, 2018 / By Admin
ဟောင်ကောင် ဘောလုံး အဖွဲ့ချုပ်က မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ထံ ဖိတ်ကြား ချက်အရ မြန်မာ လက်ရွေးစင် အမျိုးသား ယူ-၁၉ အသင်းနှင့် ယူ-၁၅ အသင်းတို့သည် ဟောင်ကောင် ဖိတ်ခေါ်ပြိုင်ပွဲ Jockey Club International Youth Invitational Football Tournament ကို ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
ဟောင်ကောင် ဘောလုံး အဖွဲ့ချုပ် အနေဖြင့် အခြား ဘောလုံးအဖွဲ့ချုပ်များနှင့် ဆက်ဆံရေး တိုးတက် ကောင်းမွန်ရေး၊ လူငယ် ကစားသမားများ အတွက် နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံ ရရှိစေရေး ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပခြင်း ဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၉ ရက်မှ ၂၂ ရက်ထိ ကျင်းပရန် စီစဉ်ထားသည်။
ဟောင်ကောင် ဘောလုံး အဖွဲ့ချုပ်၏ ဖိတ်ကြားမှုကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က လက်ခံခဲ့ပြီး ပါဝင်ယှဉ်ပြိုင်မည်ဟု အကြောင်း ပြန်လိုက်ခြင်း ဖြစ်ကာ အခြား ပြိုင်ပွဲဝင် အသင်းများကို ထပ်မံ သိရှိရပါက သတင်း ဆက်လက် ထုတ်ပြန် ပေးသွားမည် ဖြစ်ပါသည်။