မြန်မာ့လက်ရွေးစင် အသင်း ဆူဇူကီး ဖလား အဖွင့်ပွဲတွင် ကမ္ဘောဒီးယား အသင်းကို ဂိုးပြတ် အနိုင်ရ

The MFF » competition » မြန်မာ့လက်ရွေးစင် အသင်း ဆူဇူကီး ဖလား အဖွင့်ပွဲတွင် ကမ္ဘောဒီးယား အသင်းကို ဂိုးပြတ် အနိုင်ရ

November 6, 2018 / By Admin

မြန်မာ့လက်ရွေးစင်  အသင်းသည် ဆူဇူကီး ဖလား ပြိုင်ပွဲအဖွင့်ပွဲစဉ် အဖြစ် မန္တလေးမြို့ မန္တလာသီရိ အားကစား ကွင်းတွင် ကမ္ဘောဒီးယား အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ ၄-၁ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းသည် ပထမပိုင်းတွင် ဧည့်သည်အသင်း၏ သွင်းဂိုးဖြင့် ရှုံးနိမ့်နေခဲ့သော်လည်း ဒုတိယပိုင်းပွဲချိန်များတွင် လှိုင်းဘိုဘို၊ သန်းထက်အောာင်၊ စည်သူအောင်တို့၏ သွင်းဂိုးများဖြင့် အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။

ထိုပွဲစဉ်၏ အကောင်းဆုံး ကစားသမားဆုကို မြန်မာအသင်းအတွက် သွင်းဂိုး နှစ်ဂိုး သွင်းယူပေးခဲ့သူ လှိုင်းဘိုဘိုက ရရှိခဲ့ သည်။