မြန်မာနှင့်ထိုင်း အမျိုးသမီး ယူ၁၉ အသင်း ခြေစမ်းပွဲများ ကစားမည်

The MFF » latest news » မြန်မာနှင့်ထိုင်း အမျိုးသမီး ယူ၁၉ အသင်း ခြေစမ်းပွဲများ ကစားမည်

September 18, 2018 / By Admin

အာရှ ယူ၁၉ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲ အတွက် ပြင်ဆင်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်းသည် ထိုင်းလက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာနှင့်ထိုင်း  အမျိုးသမီး ယူ၁၉ ခြေစမ်းပွဲများကို အောက်တိုဘာ ၅ ရက်နေ့ ညနေ ၃း၃၀ နာရီ နာရီနှင့် အောက်တိုဘာ ၇ ရက်နေ့ ညနေ ၆း၀၀ နာရီတို့တွင် Thuwunna Stadium အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။

ရန်ကုန်မြို့သို့ ခြေစမ်းပွဲများ လာရောက်ကစားမည့် ထိုင်းလက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်းတွင် အုပ်ချုပ်နည်းပြ အဖွဲ့ဝင် ၈ ဦးနှင့် ကစားသမား ၂၃ ဦး ပါဝင်မည် ဖြစ်သည်။

4N7A8985