၂၀၂၀ အောင်ဆန်းဒိုင်းဆု ပြိုင်ပွဲတွင် အပျော်တမ်း အသင်းများ ပါဝင်နိုင်ရေး အပျော်တမ်းလိဂ် တာဝန်ခံများနှင့် မြန်မာနေရှင်နယ်လိဂ်တို့ တွေ့ဆုံမည်

The MFF » latest news » ၂၀၂၀ အောင်ဆန်းဒိုင်းဆု ပြိုင်ပွဲတွင် အပျော်တမ်း အသင်းများ ပါဝင်နိုင်ရေး အပျော်တမ်းလိဂ် တာဝန်ခံများနှင့် မြန်မာနေရှင်နယ်လိဂ်တို့ တွေ့ဆုံမည်

February 18, 2020 / By Admin

 

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ဘောလုံးလောက တိုးတက်ရေးအတွက် မိမိတို့ တတ်စွမ်းသမျှ အနယ်နယ် အရပ်ရပ်တွင် ကြိုးစားကျင်းပပြုလုပ်လျှက် ရှိသော အပျော်တမ်းလိဂ် ပြိုင်ပွဲများအား အသိအမှတ်ပြုသည့် အနေဖြင့်လည်းကောင်း၊ တစ်ချိန်တွင် အပျော်တမ်း အသင်းများ အနေဖြင့် Myanamr National League မှ ကြီးမှူးကျင်းပသည့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး အတွက် ပဏာမ မိတ်ဆက်သည့် အနေဖြင့် လည်းကောင်း ယခုနှစ် General Aung San Shield 2020 ရှုံးထွက်ဘောလုံး ပြိုင်ပွဲတွင် အထူးသတ်မှတ်ခွင့်ပြုသည့် အနေဖြင့် အပျော်တမ်း လိဂ်ပြိုင်ပွဲများမှ စုစုပေါင်း အသင်း (၅)သင်းအား ပြိုင်ပွဲဝင်ခွင့် ပြုသွားမည် ဖြစ်ပါသည်။

သို့ဖြစ်ရာ ၂၀၂၀ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး အတွက် အပျော်တမ်းလိဂ် ပြိုင်ပွဲများမှ ပြိုင်ပွဲကျင်းပရေး ဝာာဝန်ခံများ ပါဝင် တက်ရောက်ကြမည့် အသင်းမှတ်ပုံတင်ခြင်းနှင့် လိုက်နာ ဆောင်ရွက်ရမည့် အချက်အလက်များနှင့် ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေး တစ်ရပ်ကို လာမည့် ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၂း၀၀ နာရီတွင် သုဝဏ္ဏကွင်းရှိ မြန်မာနေရှင်နယ်လိဂ်ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သွားမည် ဖြစ်သည်။