MFF Futsal Knock-Out Cup ပြိုင်ပွဲကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ

The MFF » Futsal » MFF Futsal Knock-Out Cup ပြိုင်ပွဲကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ

August 17, 2020 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီဝင်များနှင့် ကလပ်သင်းပိုင်ရှင်များသည် MFF Futsal Knock-Out Cup ပြိုင်ပွဲကျင်းပနိုင်ရေး အစည်းအဝေးကို ဩဂုတ် ၁၇ ရက်၊ မွန်းလွဲ ၁ နာရီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ ဒုတိယ ဥက္ကဋ္ဌ ဦးဇွဲလှိုင်မှီ၊ MFF အထွေထွေအတွင်းရေး မှူး ဦးကိုကိုသိန်း၊ ဖူဆယ်အသင်းပိုင်ရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် MFF Futsal Knock-Out Cup ကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များဖြစ်သည့် ကစားသမားများနှင့် အသင်းတာဝန်ရှိသူများ Quarantine Camp ဝင်ရောက်ရေးကိစ္စရပ်များ၊ စပွန်ဆာကိစ္စရပ်များ၊ ၂၀၂၀နှင့် ၂၀၂၁ ဘောလုံးရာသီ အတွက်ကျင်းပရန်စီစဉ်ထားသည့် AFF /AFCပြိုင်ပွဲများ နှင့် ဝင်ရောက်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးကြရာတွင် ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထား​သော SOP & Checklists များအား လိုက်နာ​ဆောင်ရွက်ရန်နှင့် ကလပ်အသင်းများ၏ ဘဏ္ဍာရေး အခက်အခဲများ​ကြောင့် MFF Futsal Knock-Out Cup ကို ၂၀၂၀ ပြည့်နှစ်အတွင်း မကျင်းပတော့ပဲ ၂၀၂၁ ခုနှစ်တွင်မှ ကျင်းပရန် ဖူဆယ်​ကော်မတီနှင့် ကလပ်အသင်းပိုင်ရှင်များမှ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။

ထို့အပြင် ​နောက်နှစ်တွင် ကျင်းပပြုလုပ်မည့် AFC FutsaL Club Championship ပြိုင်ပွဲကို VUC FC အသင်းကလည်းကောင်း၊ AFF Futsal Club Championship ပြိုင်ပွဲကို MIU FC အသင်းကလည်းကောင်း သွားရောက်ယှဉ်ပြိုင်ရန် အစည်းအဝေး တွင် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။