MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ခြေစစ်ပွဲတွင် GV Athletic FC နိုင်ပွဲဆက်

The MFF » competition » MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ခြေစစ်ပွဲတွင် GV Athletic FC နိုင်ပွဲဆက်

July 15, 2018 / By Admin

MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ စတုတ္ထနေ့ ပွဲစဉ်များကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ဆက်လက်ကျင်းပခဲ့သည်။

စတုတ္ထနေ့ ပွဲစဉ်များ၏ ပထမပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြသော AMM FC နှင့် Shwe Myawaddy FCတို့ ပွဲစဉ် တွင် AMM FC က ၅-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေး ကောင်းများကို ရရှိခဲ့သည်။ ဒုတိယပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော GV Athletic FC နှင့် Comrade FC အသင်းတို့ ပွဲစဉ်တွင် GV Athletic FC အသင်းက ၆-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ခြေစစ်ပွဲကို အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

MFF Myanmar Futsal League 2018 ခြေစစ်ပွဲစဉ် စတုတ္ထနေ့ ယှဉ်ပြိုင်ကစားပြီးသည့် အချိန်တွင် GV Athletics အသင်းက သုံးပွဲကစား ရမှတ် ၉မှတ် ရရှိထားပြီး၊ AMM FC က လေးပွဲကစား ရမှတ် ၅ မှတ် RDZ အသင်းက သုံးပွဲ ကစား ရမှတ် (၃)မှတ်၊ Comrade အသင်းကသုံးပွဲကစား ရမှတ် (၂)မှတ်၊ Shwe Myawaddy အသင်းက သုံးပွဲကစား ရမှတ်(၁)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အစဉ်လိုက် ရပ်တည်လျက် ရှိကြသည်။

MFF Myanmar Futsal League 2018 ခြေစစ်ပွဲစဉ်များကို အုပ်စု ပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစား စေခြင်း ဖြစ်ပြီး အမှတ် အများဆုံး ရရှိသော အသင်းသုံးသင်းသည် သြဂုတ်လအတွင်း ကျင်းပမည့် MFF Myanmar Futsal League 2018 ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင် ခွင့် ရရှိမည် ဖြစ်သည်။