MFF PLAYERS’ STATUS COMMITTEE ( 1/2020 ) အစည်းအဝေးကျင်းပ

The MFF » latest news » MFF PLAYERS’ STATUS COMMITTEE ( 1/2020 ) အစည်းအဝေးကျင်းပ

August 21, 2020 / By Admin

MFF PLAYERS’ STATUS COMMITTEE ( 1/2020 ) အစည်းအဝေးကို ယနေ့ (ဩဂုတ်လ ၂၁ ရက်) နံနက် ၁၁ နာရီက အဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေနှင့် ကော်မတီအဖွဲ့ဝင် များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် ချုပ် ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်​ဆွေး​နွေးခဲ့ကြသည်။

အစီအစဉ်အရ ကော်မတီ ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေက အဖွင့်အမှာစကားပြောကြားရာတွင် ဘောလုံးလောက တိုးတက် ရေးအတွက် လုပ်စရာရှိသည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကစားသမားများ၏အ​ခြေအ​နေ ကိစ္စရပ်များနှင့် ပတ်သက်​သော အ​​ထွေထွေပြသာနာများကို စိစစ်​ဖြေရှင်း​ဆောင်ရွက်​ပေးနိုင်​​ရေး၊ မြန်မာနိုင်ငံ​ဘောလုံးအဖွဲ့ ချုပ်၏ ဥပ​ဒေများနှင့်စည်းမျဉ်စည်းကမ်းများတွင် ပါရှိသည့် ကစားသမား အ​ပြောင်းအ​ရွှေ့ ဆိုင်ရာ ကိစ္စရပ်များ လုပ် ဆောင်ရာတွင် စနစ်တကျ​ ဖြေရှင်း​ပေးနိုင်​ရေးသွားမည်ဖြစ်၍ အဖွဲ့ဝင်များမှ အကြံဉာဏ်ပေး ပံ့ပိုးကူညီပေးစေလိုကြောင်း၊ မိမိအ​နေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးကူ​ညီ​ဖြေရှင်း ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ​ကစားသမားကော်မတီတွင် ပါဝင်သူများနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဖီဖာမှ ထုတ်ပြန်ထားသည့် Covid Football Regulatory Issuess တွင်ပါဝင်သည့် ဘောလုံးစည်း မျဉ်းဆိုင်ရာ ပြဿနာများနှင့် အဓိကအချက်များ၊ MNL 1, MNl 2, MNL U 21, MNL U 19, Amateur League, Futsal League ,Women League, MFF Academies တို့တွင် စုစုပေါင်း ကစားသမား ၄၇၀၀ နီးပါးကစားနေကြောင်းနှင့် MNL 1, MNL 2 , ဗိုလ်ချုပ်အောင်ဆန်းဒိုင်းများတွင် အသုံးပြုနေသည့် စည်းမျဉ်းများ၊ ပြည်တွင်းနှင့် နိုင်ငံခြားသား ကစားသမား များကို ချုပ်ဆိုသည့် အပြောင်းအရွှေ့စာချုပ်များတွင် ပါဝင်သော စည်မျဉ်းဥပဒေများ၊ MFF တွင် registstered ပြုလုပ် ထား​သော Intermediary နှင့်ပတ်သက်ပြီးလိုက်နာရန် အချက်အလက်များ၊ Intermediary လိုင်စင်ရထားသူ၊ လိုင်စင် သက်တမ်းတိုးသူနှင့် လိုင်စင်သစ်လုပ်ကိုင်​ဆောင်ရွက်လိုသူများအား အသေးစိတ် ဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် အထွေထွေ ဆွေးနွေးမှုပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေ၊ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဦးဇော် မင်းစိန်၊ ဦးသန်းထွန်း၊ ဦးတင်မြင့်အောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် မြန်မာ နေရှင်နယ်လိဂ် အမှုဆောင်ချုပ် ဦးစိုးမိုးကျော်တို့က ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ဆွေးနွေးခဲ့ပြီးအစည်း အ​ဝေးကို ရုပ်သိမ်းခဲ့သည်။