YOU CAN NOT EXPECT

A GOOD NATIONAL TEAM

WITHOUT

GRASSROOTS PROGRAMME

လူငယ်ဘောလုံးပွဲတော်များကျင်းပခြင်း Grassroots

 မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်လက်ထက်တွင်လူငယ်များဘောလုံးအားကစားကို ပိုမိုချစ်မြတ်နိုးလာစေရေးအတွက် လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများ၏အခြေခံအုတ်မြစ်ဖြစ်သော Grassroots Festival, Football Clinic များကိုနှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။

Grassroots Festival များကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၊ အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံ ဘောလုံးအဖွဲ့ချုပ်၊ ဂျပန်နှင့်ဥရောပကလပ်များ မိတ်ဖတ်စပွန်စာများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ အဖွဲ့များ၊ ကျန်းမား‌ရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်းများစသည့်တို့နှင့်ပူးပေါင်းကာ တစ်နိုင်ငံလုံးအတိုင်းတာဖြင့်  လွှမ်ခြုံမိနိုင်စေရန် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာဘောလုံးအဖွဲ့ချုပ်သည် Grassroots Festival များကိုကမ္ဘာဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏Timelineနှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၅ခုတွင် နှစ်စဉ်ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ Grassroots Festival,Football Clinic များကိုပြည်ပကလပ်များနှင့်ပူပေါင်းကျင်းပရာတွင် ဂျေလိဂ် ကလပ် အိုမီယာ အာဒီဂျာ၊ ဂမ်ဘာအိုဆာကာ၊ရီးယဲမက်ဒရစ်၊မန်ချက်စတာယူနိုက်တက်စသည့်အသင်းများ အသင်းအများအပြင်လီဗာပူးလ်ကစားသမားဟောင်း ဂျွန်ဘမ်းစ်၊ မန်ချက်စတာယူနိုက်တက် ကစားမားဟောင်း အင်ဒီကိုးလ်၊ ဒင်းနစ်အာဝင်၊ကလေတန်ဘလက်မိုး၊လီရှက်ပ်၊ရွှန်နီဂျွန်ဆင်  စသည့် ကမ္ဘာကျော် ကစားသမားဟောင်း များလည်းပါဝင်ခဲ့သည်။ ၂၀၁၉-၂၀၂၀ တွင်လည်းအမေရိကန်သံရုံးနှင့် ပူပေါင်းပြီး Community Champions Football Clinic အဖြစ် ရန်ကုန် မန္တလေးနှင့်တောင်ကြီးတို့တွင်းကျင်းပခဲ့သည်။

မြန်ာမနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် စွမ်းဆောင်မှုများကြောင့် အာရှ‌ဘောလုံးအဖွဲ့ချုပ်မှချီးမြှင့်သည့် AFC Grassroots Charter Bronze membership ဆုကို ၂၀၁၉ခုနှစ်တွင် လက်ခံရရှိခဲ့သည်။

“ကျွန်တော်တို့အနေနဲ့လူငယ်ဘောလုံးပွဲတော်နဲ့လူငယ်ဘောလုံးပြိုင်ပွဲနှစ်ခုကိုဘာကြောင့်ကျင်းပရလဲဆိုရင် ဘယ်အားကစားနည်းပဲမဆိုပြုစုပျိုးထောင်မယ်ဆိုရင်လူငယ်ကပဲ အခြေခံကျပါတယ်။ တစ်ကယ်တမ်း မြန်မာပြည်မှာပဲ ၁၂နှစ်အောက်ပြိုင်ပွဲတွေလုပ်ဖြစ်တာဖြစ်ပါတယ်။

ဂျပန်၊ ကိုရီယားတို့မှာဆိုရင် အသက်၆နှစ်၊ ၇နှစ်အရွယ်တွေမှာ လူငယ်ဘောလုံးပွဲတော်တွေ စပြီးလုပ်ဆောင်နေပါပြီ ဘောလုံးအားကစားပြိုင်ပွဲကဆုရရှိဖို့တစ်ခုတည်းအတွက်မဟုတ်ပါဘူး။ ဘဝအတွက်အာမခံချက်ရှိတဲ့ ကစားနည်းဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ် ကစားသမားတွေဖြစ်လာတဲ့အခါမှာ ဘဝအတွက် ဝင်ငွေလုံလောက်အောင် ရရှိတဲ့အပြင် လူငယ်တွေကြားမှာ တစ်ဦးတယောက်တည်းမဟုတ်တော့ဘဲပူပေါင်းဆောင်ရွက်တတ်တဲ့စိတ်ရှိလာအောင် အားကစားနည်းရဲ့စည်းကမ်းဥပ‌ဒေသအောက်မှာပူးပေါင်းပြီးကစားချင်တဲ့စိတ်နဲ့အောင်မြင်မှုရအောင်ကြိုးစားအားထုတ်ကြမယ်ဆိုရင် လူငယ်တွေရဲ့ဘဝအနာဂတ်ကပိုပြီးတော့လှပလာမှာဖြစ်ပါတယ်။

       နောက်တစ်ခုက အားကစားလုပ်ခြင်းဖြင့် လူငယ်တွေကြားမှာ မူးယစ်ဆေးဝါး သုံးစွဲခြင်းကနေ တွန်းထုတ်ပြီးသားဖြစ်သွားမှာပါ ဒါဆိုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေကနေ ကင်းဝေးပြီး ကလေးတွေရဲ့ အနာဂတ်ဟာပိုပြီးလှပတောက်ပြောင်လာမှာဖြစ်ပါတယ်။ မိဘတွေအနေနဲ့လည်းကလေးတွေကို ကျောင်းစာ ထူးချွန်ဖို့အတွက်ပဲမဟုတ်ပါဘူး ကလေးတွေကို ဘောလုံးကစားချင်တဲ့စိတ် ထူးချွန်စေချင်တဲ့စိတ်၊ အပေါင်းသင်းတွေရစေချင်တဲ့စိတ်နဲ့ တိုက်တွန်း လှုံ့ဆော်ပေးဖို့လိုအပ်ပါတယ်။ ဒီချိန်မှာ နည်းပြတွေရဲ့ အခန်းကဏ္ဍကလည်း လွန်စွာအရေးပါနေပါတယ်။ ဒါကြောင့် မိဘရယ်၊ ကစားသမားရယ်၊ နည်းပြရယ် သုံးဦးသုံးဖလှယ် မရှိရင်မဖြစ်ပါဘူး။”

ဦးဇော်ဇော်

(မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ)

     ဉီးဇော်ဇော်လက်ထက်တွင်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့်လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများကို ဦးစားပေးလုပ်ဆောင်ခဲ့ပြီး MPT နှင့်ပူပေါင်း၍ မြန်မာနိုင်ငံအနှံ့အပြားတွင် လူငယ်ဘောလုံးပွဲတော်များ၊ အမျိုးသား/အမျိုးသမီး အသက်၁၄နှစ်အောက် ဘောလုံးပြိုင်ပွဲများကို အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် တို့တွက် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။

         မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဉီးဇော်ဇော်လက်ထက်တွင် Grassroots Festival များကို ကမ္ဘာဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၊ အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံဘောလုံးအဖွဲ့ချုပ်၊ ဂျပန်နှင့်ဥရောပ ကလပ်များ မိတ်ဖက်စပွန်ဆာများ၊ တိုင်းဒေကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များ၊ ကျန်းမားရေးနှင့် အားစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်းများစသည်တို့နှင့်ပူးပေါင်း၍ တစ်နိုင်ငံလုံး အတိုင်းတာဖြင့် လူငယ်ဘောလုံးများ၊ ဘောလုံးသင်တန်းများ၊ ဒိုင်နှင့်နည်းပြသင်တန်းများစသည့် သင်တန်းပေါင်းများစွာကို အောက်ခြေအဆင့်မှာစ၍ စနစ်တကျ ကျင်းပနိုင်ခဲ့သည်။

ROAD TO JAPAN PROGRAM

       ၂၀၁၉ခုနှစ်အတွင်းမှမြို့ပေါင်း ၁၀မြို့မှာ ကျင်းပပြုလုပ်တဲ့ ယူ-၁၄ပြိုင်ပွဲတွေကနေ အကောင်းဆုံး လူငယ်ကစားသမားတွေကို Road to Japan program MFF နဲ့ MNL တို့ပူးပေါင်းရွေးချယ်ခဲ့ပါတယ်။

     ရွှေးချယ်တဲ့ပုံစံကတော့ ပထမဦးစွာ ပြိုင်ပွဲတစ်ခုချင်းစီက အကောင်ဆုံးကစားသမား ၆ဦးစီနဲ့ ပြိုင်ပွဲ ၁၀ခုကနေ ၆၀ဦးရွှေးချယ်ခဲ့ပါတယ်။ အဲ့ဒီနောက် ခြေစွမ်းစမ်းသပ်ရွေးချယ်ထားတဲ့ကစားသမား ၁၅ဦးနဲ့ထပ်ပေါင်းပြီး ဆန်ကာတင် ၇၅ဦးကိုထမ်မံရွေးချယ်ပါတယ်။ ဆန်ကာတင် ၇၅ဦးကိုရန်ကုန်မြို့မှာ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထပ်မံခြေစွမ်းစမ်းသပ်ပြီး နောက်မှတော့ နောက်ဆုံးဆင့် ကစားသမား အဆင့် ၂၅ဦးစရင်း ထွက်ပေါ်လာခဲ့ပါတယ်။

     လက်ရွေးစင်အသင်းအတွက် ကစားသမားမွေးထုတ်ပေးနိုင်ဖို့နဲ့ အရည်းချင်းရှိလူငယ်ကစားမားလေးတွေကို ဖော်ထုတ်ဖို့ ရည်ရွယ်တဲ့ Road to Japan program အရနောက်ဆုံးအဆင့်ရွေးချယ်ခံရတဲ့ ကစားသမား၂၅ဦဟာ  ၂၀၂၀မတ်လအတွင်းမှာ ဂျပန်နိုင်ငံကို သွားရောက်လေ့ကျင့်ဖို့စီစဉ်ထားခဲ့ပေမဲ့ Covid-19 ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလဖြစ်တာကြောင့် ရွှေ့ဆိုင်းထားရတာဖြစ်ပါတယ်။

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၂အောက်ပြိုင်ပွဲ 

              အနာဂတ်မြန်မာ့ဘောလုံးလောကအတွက် လက်ရွေးစင်ကစားသမားကောင်းများပေါ်ထွက်လာ‌ရေး ရည်ရွယ်၍မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)နှင့် ပညာရေးဝန်ကြီးဌာ၊အခြေခံပညာဦးစီးဌာနများ ပူးပေါင်းကျင်းပသည့် MFF-U12 Digicel Cup 2012(အောက်မြန်မာပြည်)ပြိုင်ပွဲကို ၂၀၁၂စတင်လာလ ၁၀ရက်နေ့ နံနက်(၈:၀၀)နာရီက အောင်ဆန်းကွင်းတွင်းကျင်းပပြုလုပ်ခဲ့သည်။

         ပြိုင်ပွဲဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊လူမှုရေးဝန်ကြီး ‌ဒေါက်တာမြင့်သိန်း၊ MFF ဥက္ကဌဦးဇော်ဇော်နှင့်အဖွဲ့ချုပ် တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနများမှ တာဝန်ရှိသူများ၊အခြေခံပညာကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ပြိုင်ပွဲဝင်အသင်းများမှ ကစားသမားများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများမှချီတက်အလေးပြုခဲ့ကြပြီးနောက်တိုင်း‌ဒေသ ကြီးလှုမှုရေးဝန်ကြီးက အဖွင့်မှာစကားပြောကြားခဲ့သည်။

      အဆိုပါအခမ်းနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကိုယ်စား အထွေထွေအတွင်းရေးမှူး ဦးအောင်တင်က MFF U-12 Digicel Cup 2012 အောက်မြန်မာပြည်ပြိုင်ပွဲအတွက် ဘောလုံး(၅၀၀)နှင့် အထက်မြန်မာပြည်ဘောလုံးပြိုင်ပွဲအတွက် ဘောလုံး (၅၀၀)ပေးအပ်လှူဒါန်းရာ အမှတ်(၁) အခြေခံပညာဦးစီးဌာနညွှန်းကြားရေးမှူး(ပညာ)ဦးအေးကြိုင်ကလက်ခံရယူခဲ့သည်။ ပွဲစဉ်များမစတင်မီမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ ရုပ်ရှင်သရုပ်ဆောင်များအသင်းမှကစားသမားများက ပြိုင်ပွဲဝင်အသင်း(၁၀)သင်းမှ ကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

   MFF U-12 Digicel Cup 2012(အောက်မြန်မာပြည်)ပြိုင်ပွဲ အုပ်စု(က)တွင် ပဲခူး(အရှေ့)၊Horizon၊ တနင်္သာရီ၊ရခိုင်နှင့်ကရင်ပြည်နယ်အသင်းများ၊ အုပ်စု(ခ)တွင် ရန်ကုန်တိုင်းဒေသကြီး၊ ILBC၊ပဲခူးအနောက်၊ မွန်ပြည်နယ်၊ဧရာဝတီတိုင်းဒေသကြီးအသင်းများယှဉ်ပြိုင်ကစးခဲ့သည်။ MFF-U12 Digicel Cup 2012 (အထက်မြန်မာပြည်)ဖွင့်ပွဲအခမ်းနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌတက်ရောက်အားပေးမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)နှင့်ပညာရေးဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဉီးစီးဌာနများပူးပေါင်းကျင်းပသည့် MFF U-12Digicel Cup 2012(အထက်မြန်မာပြည်)ပြိုင်ပွဲကို စတင်ဘာ ၁၂ရက်နေ့ညနေ(၃:၀၀)နာရီတွင်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ဗထူးဘောလုံးကွင်းတွင်းကျင်းပပြုလုပ်ခဲ့သည်။

      ပြိုင်ပွဲဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး၊အစိုးရဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝန်များ၊ MFFဥက္ကဌဦးဇော်ဇော်နှင့် အဖွဲ့ချုပ်တာဝန်ရှိသူများ၊အခြေခံပညာဦးစီးဌာနများမှ တာဝန်ရှိသူများ၊အခြေခံပညာကျောင်းမှ ဆရာ၊ဆရာမများနှင့်ကျောင်းသား ‌ကျောင်းသူများပြိုင်ပွဲဝင်အသင်းများမှ ကစားသမားများ တက်ရောက်ခဲ့ကြသည်။

အခမ်းနားတွင် ပြိုင်ပွဲဝင်အသင်းများမှ ချီတက်အလေးပြုခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကအဖွင့်မှာစကားပြောကြားခဲ့သည်။ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်‌ဇော်က ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့်လုပ်ငန်းစဉ်များကိုရှင်းလင်းပြေကြားခဲ့သည်။

          အဆိုပါရှင်းလင်းတင်ပြမှုအပြီးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်က MFF U-12 Digicel Cup 2012 အထက်မြန်မာပြည်ပြိုင်ပွဲကျင်းပရေးကုန်ကျစရိတ်အတွက်ငွေကျပ်၁၈၅၁၇၀၀၀ ပြိုင်ပွဲဝင် ကစားသများနှင့် နည်းပြအုပ်ချုပ်သူများအတွက် ထောက်ပံငွေ ၁၉သိန်း၊ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုပေးအပ်ချီးမြှင့်ရန်အတွက် ငွေကျပ် ၂၄၀၀၀၀ ဖွင့်ပွဲအခမ်းနားတွင်ကူညီဖျော်ဖြေပေးခဲ့သည့် အထက(၁၆) မန္တလေးဘင်ခရာအဖွဲ့နှင့်ဖျော်ဖြေပေးခဲ့သည့် ကျောင်းသား အဖွဲ့အားငွေကျပ် ၅သိန်းစီနှင့် ဘောလုံး အလုံး ၃၀၀တို့ကိုပေးအပ်လှူဒါန်းခဲ့သည်။

        ဖွင့်ပွဲအခမ်းနားအပြီးတွင် ကချင်ပြည်နယ်အသင်းနှင့်ရှမ်းပြည်နယ်တောင်ပိုင်းအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်တောင်ပိုင်းအသင်းက ၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ အလားတူနေပြည်တော်အသင်းက ကယားပြည်နယ်အသင်းကို အသင်း (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ် ၂ပွဲတွင် အကောင်းဆုံးကစားသမားဆုကိုနေပြည်တော် အသင်းက ကျောနံပါတ်၈နေဝင်းနှင့်ရှမ်းတောင်အသင်းမှ ဂိုးသမား ဂျွန်ဘောစကို တို့ကဆွတ်ခူးရရှိခဲ့သည်။

MFF U-12 Digicel Cup 2012 (အထက်မြန်မာပြည်)ပြိုင်ပွဲအုပ်စု(က)တွင်မန္တလေးတိုင်းဒေသကြီးအသင်း၊ရှမ်းပြည်နယ် (မြေက်ပိုင်း)အသင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အသင်း၊မကွေးတိုင်းဒေသကြီးအသင်းနှင့်ချင်းပြည်နယ်အသင်းတို့ပါဝင်ကြပြီးအုပ်စု(ခ)တွင် ကချင်ပြည်နယ်အသင်း၊နေပြည်တော်အသင်း၊ကယားပြည်နယ်အသင်း၊စစ်ကိုင်းတိုင်း‌‌ဒေသကြီး အသင်း၊ရှမ်းပြည်နယ်တောင်ပိုင်းအသင်းတို့အပါဝင်ကြသည်။