Alpine Cup 2018 ဖိတ်ခေါ်ပြိုင်ပွဲနှင့် ၂၀၁၈ အာရှ အားကစားပွဲတော် ပဏာမ မြန်မာ ကစားသမား ၂၆ ဦးစာရင်း

The MFF » Men » Alpine Cup 2018 ဖိတ်ခေါ်ပြိုင်ပွဲနှင့် ၂၀၁၈ အာရှ အားကစားပွဲတော် ပဏာမ မြန်မာ ကစားသမား ၂၆ ဦးစာရင်း

ဇူလိုင် 17, 2018 / By Admin

Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲနှင့် ၂၀၁၈ အာရှ အားကစားပွဲတော်တို့အတွက် ပဏာမ ကစားသမား ၂၆ ဦးစာရင်းကို ယနေ့မနက်ပိုင်းတွင် နည်းပြချုပ် အန်တွမ်နီဟေးလ်က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။

“ ပဏာမ ကစားသမား (၂၆)ဦးနဲ့ ဇူလိုင်လ (၂၃)ရက်နေ့ကစပြီး မန္တလေးမှာ လေ့ကျင့်မှု စတင်သွားမှာပါ။ (၂၃)နှစ်အထက် ကစားသမား (၃)ဦးအထိ ရွေးခွင့်ရှိတာကြောင့် ပဏာမလူစာရင်းမှာ (၄)ဦးအထိ ထည်သွင်း ထားပါတယ်။ အသင်းရဲ့ ကျောရိုး ကစားသမားတွေကို အဓိက ရွေးချယ်ထားပါတယ်။ ဂိုးသမား (၄)ဦးပါပါတယ်။ အာရှ အားကစားပွဲတော်ကို ကစားသမား (၂၀)ပဲ ခေါ်သွားရမှာပါ။ ဂိုးသမားဆိုရင် (၂)ဦးပဲ ရွေးခွင့်ရှိပါတယ်။ ဒါဟာ ကစားသမားတွေအကြား နောက်ဆုံးလူစာရင်းမှာ ပါဝင်ဖို့ အရမ်းကိုပြိုင်ဆိုင်မှု ပြင်းထန်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

အခုလူစာရင်းကို ကြည့်မယ်ဆိုရင် အတွေ့အကြုံရင့် ကစားသမားတွေနဲ့ တက်သစ်စလူငယ်ကစားသမားတွေ ပေါင်းစပ်ပါဝင်နေတာတွေ့ရမှာပါ။ ကျွန်တော်တို့ အားလုံး လေ့ကျင့် ပြင်ဆင်ချိန်ကာလကို ရောက်ဖို့ စိတ်အားထက်သန်နေကြပါတယ်။ Alpine Cup မတိုင်ခင် (၂၃)ဦးအထိ လျှော့ချမှာဖြစ်ပြီး ပြိုင်ပွဲအပြီးမှာ နောက်ဆုံး လူ(၂၀)စာရင်းကို ထုတ်ပြန်သွားမှာပါ။” ဟု နည်းပြအန်တွမ်နီဟေးလ်က ဆိုသည်။

မြန်မာ ယူ၂၃ အသင်း (အိုလံပစ်အသင်း) အနေဖြင့် လာမည့် ဇူလိုင်လ ၂၃ ရက်နေ့တွင် မန္တလေးမြို့သို့ ထွက်ခွါပြီး လေ့ကျင့်မှုများ စတင်ပြလုပ်သွားမည် ဖြစ်သည်။ မြန်မာအသင်းသည် Alpine Cup 2018 ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဉ်အဖြစ် သြဂုတ် (၁) ရက်နေ့တွင် တောင်ကိုရီးယား ယူ၁၉၊ သြဂုတ် (၃)ရက်နေ့တွင် ဘာရိန်း ယူ၂၃ နှင့် သြဂုတ် ၅ ရက်နေ့တွင် ထိုင်းယူ၂၃ အသင်းတို့နှင့် အာရှဖလား ပွဲကြိုအဖြစ် လေးနိုင်ငံပွဲစဉ်များ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

MM TEAM g