ဂိုးကွာခြားချက် အသာစီးဖြင့် VUC FC ဆက်လက်ဦးဆောင်

The MFF » Futsal » ဂိုးကွာခြားချက် အသာစီးဖြင့် VUC FC ဆက်လက်ဦးဆောင်

ဇန်နဝါရီ 16, 2020 / By Admin

MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲ ပွဲစဉ် Week-13 ပြီးဆုံးချိန်တွင် VUC FC အသင်းက ဆက်လက်ဦးဆောင်နေခဲ့သည်။

VUC FC အသင်းသည် ပွဲစဉ်၁၃ ပွဲကစားပြီးချိန်တွင် ၁၂ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၃၇ မှတ်ရရှိထားသည့် အသင်းဖြစ်ပြီး MIU FC နှင့် ရမှတ်ခြင်းတူညီနေသော်လည်း ဂိုးကွာခြာချက် ၁၅ ဂိုးအသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့ခြင်းဖြစ်သည်။ အမှတ်ပေးဇယား၏ တတိယနေရာတွင် GV အသင်းက ရပ်တည်နေခဲ့ပြီး ရမှတ် ၃၃ မှတ်ကို ရရှိထားပြီး စတုတ္ထနေရာက OnDoctor FC အသင်းကို ၈မှတ် အသာစီးရယူထားနိုင်ခဲ့သည်။

လာမည့် Week – 14 ပွဲစဉ်များကို ဇန်နဝါရီ ၁၈ ရက်မှာ ဆက်လက်ကျင်းပသွားမည် ဖြစ်ရာVUC FC က Do Do Ko Ko FC၊ MIU FC က MFF U19 Team နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ OnDoctor FC နှင့် GV FC တို့၏ ပွဲစဉ်သည် ယခုတစ်ပတ် အတွက် အကောင်းဆုံး ပွဲစဉ် အဖြစ်ရှိနေမည် ဖြစ်ပြီး အခြားပွဲစဉ်များ အဖြစ် AMM Brothers FC နှင့် Let Wel Thone Nara FC ၊ Winner FC နှင့် Futsal Chit Thu FC ၊ Dream Team FC နှင့် Myoma JY FC တို့ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။