ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ထိုင်းကို အရေးနိမ့်ခဲ့သည့်အတွက် တတိယလုပွဲယှဉ်ပြိုင်ရတော့မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း

The MFF » slider » ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ထိုင်းကို အရေးနိမ့်ခဲ့သည့်အတွက် တတိယလုပွဲယှဉ်ပြိုင်ရတော့မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း

ဇူလိုင် 11, 2018 / By Admin

အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယနေ့ နေ့လည် ၃နာရီ ၃၀မိနစ်တွင်
ယှဉ်ပြိုင်ခဲ့ကြသည့် ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်း နှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတို့
ပွဲစဉ်တွင် ထိုင်းအသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် မြန်မာအသင်း တတိယလုပွဲယှဉ်ပြိုင်ကစားရတော့မည်ဖြစ်သည်။

အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် တပြိုင်တည်း ယှဉ်ပြိုင်ကစားခဲ့ကြသည့် သြစတြေးလျအသင်းနှင့် ဗီယက်နမ်အသင်း
တို့ပွဲစဉ်တွင် သြစတြေးလျအသင်းက (၄-၂) ဂိုးဖြင့် အနိုင်ရခဲ့သည့် အတွက် အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဗိုလ်လုပွဲအဖြစ်
ထိုင်းအသင်းနှင့် သြစတြေးလျအသင်း ၊ တတိယလုပွဲအဖြစ် မြန်မာအသင်း နှင့် ဗီယက်နမ်အသင်း တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပွဲပြီးပြောစကား
ဦးဝင်းသူမိုး (မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်)

ဒီနေ့ကစားသမားတွေ ကြိုးစားကစားခဲ့ပါတယ်။ ပိုကောင်းတဲ့အသင်းအနိုင်ရခဲ့တာပါ။
ထိုင်းအသင်းက ကြံ့ခိုင်မှု၊ အရပ်အမောင်းသာလွန်တာကို အကောင်းဆုံးအသုံးချသွားနိုင်ခဲ့ပါတယ်။