ဆေးဘက်ဆိုင်ရာ ကော်မတီ ( ၁/ ၂၀၂၀) အစည်းအဝေး ကျင်းပ

The MFF » Activities » ဆေးဘက်ဆိုင်ရာ ကော်မတီ ( ၁/ ၂၀၂၀) အစည်းအဝေး ကျင်းပ

ဩဂုတ် 11, 2020 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးဘက်ဆိုင်ရာ ကော်မတီ ( ၁/ ၂၀၂၀) အစည်းအဝေး ကို ယနေ့ (ဩဂုတ်လ ၁၁ရက်) နံနက် ၁၀နာရီက အဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆေးဘက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းနိုင်စိုး၊ ဒုဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မော်ဦး၊ အဖွဲ့ ဝင်များဖြစ်ကြသော ပါမောက္ခ ဒေါက်တာ ခင်စောဦး၊ ဒေါက်တာ ထက်ဝေ၊ ဒေါက်တာ ချစ်ဝေဖြိုး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အ တွင်းရေးမှူး ဦးကိုကိုသိန်းနှင့် အဖွဲ့ချုပ် ဆေးဘက်ဆိုင်ရာဌာန ဒါရိုက်တာ ဒေါက်တာ အောင်ကျော်ဦးတို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနား အစီအစဉ်အရ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းနိုင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆေးဘက်ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်တာများ နှင့် ရှေ့ဆက်​ဆောင်ရွက်ရမည့်​ ဆေးဘက်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ​ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ​ကော်မတီအ​နေဖြင့် ​ရှေ့ဆက်တာဝန်ယူ​ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊လက်ရှိ အဖွဲ့ချုပ်အ​နေဖြင့် စီမံအုပ်ချုပ်မှုဆိုင်ရာ အ‌ခြေခံလည်ပတ်ပုံများနှင့် လက်ရွေးစင် အသင်းမှ ကစားသမားများဒဏ်ရာရရှိလာပါက အဖွဲ့ချုပ်အ​နေဖြင့် ​ဆောင်ရွက်​ပေး​နေမှုအ​ခြေအ​နေများ၊ လက်​ရွေးစင်စားဖို​ဆောင်အတွက် တင်ဒါအသစ်ခေါ်ယူထားရှိမှု အ​ခြေအ​နေများ၊ Nutrition နဲ့ပတ်သတ်ပြီး အကယ်ဒမီကစားသမားများ၊သက်တမ်းအလိုက်ကစားသမားများ၏​​ကျွေး​မွေး​နေသည့်အပိုင်း၊ ​ဆေးဘက်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်​ရေးကိစ္စရပ်များကို ထည့်သွင်း​ဆွေး​နွေး တင်ပြခဲ့သည်။ ထို့နောက် ဆေးဘက်ဆိုင်ရာဌာန ဒါရိုက်တာ ဒေါက်တာ အောင်ကျော် ဦးက လက်ရှိဆေးဘက်ဆိုင်ရာဌာန၏ လုပ်ဆောင်ချက်များနှင့် လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရာက်လာသူများက အားကစားဆေးဘက်ဆိုင်ရာနှင့် ပတ်သက်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး အားကစားသမား ထိခိုက်မှုဆို င်ရာ အာမခံကိစ္စများ၊ နောင်လာမည့် ပြိုင်ပွဲများတွင်လိုအပ်မည့် Medical Cover များ၊ အရေးပေါ်ကိစ္စရပ်များနှင့် ဆေးဘက်ဆိုင်ရာကိစ္စရပ်များ အ တွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အစိုးရဆေးရုံများ၊ ပုဂ္ဂလိက ဆေးရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် တားမြစ်ဆေးသုံးစွဲမှုဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရန်၊ Nutrition အဖွဲ့တစ်ခု ကိုဖွဲ့စည်း၍ ကစားသမားများ၏ Nutrition ပိုင်းများကို ပိုမိုမြှင့်တင်ရန်၊ ကစားသမားများကိုလည်း Nutrition နှင့် ပတ်သက်သည့် ပညာပေးအစီအစဉ်များပြုလုပ်ရန်နှင့် လိုအပ်သည့် Daily requirement အတိုင်း တွက်ချက်ကျွေးမွေးရန်နှင့် ထိုသို့ ကျွေးမွေးသည်ကို ကစားသမားများအနေဖြင့်် လိုက်နာလာအောင် ဆောင်ရွက်ရန် ၊ကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် COVID -19 ကာလ အတွင်း ကစားသမားများ၏ အခြေအနေကို စစ်တမ်းကောက်ယူခြင်းနှင့် Sport Psychologist များနှင့် ဆွေးနွေးစေခြင်း စသည်တို့ကို ဆွေးနွေးခဲ့ကြကာ အစည်းအ​ဝေးကို ရုတ်သိမ်းခဲ့သည်။