တပ်မတော်ကိုယ်ခံပညာနှင့် အားကစားသိပ္ပံမှ ဘောလုံး နည်းပြသင်တန်းနှင့် အခြေခံသင်တန်းများ ဖွင့်လှစ်

The MFF » latest news » တပ်မတော်ကိုယ်ခံပညာနှင့် အားကစားသိပ္ပံမှ ဘောလုံး နည်းပြသင်တန်းနှင့် အခြေခံသင်တန်းများ ဖွင့်လှစ်

ဇူလိုင် 27, 2020 / By Admin

တပ်မတော်ကိုယ်ခံပညာနှင့် အားကစားသိပ္ပံမှ ကြီးမှူးကျင်းပသည့် ဘောလုံးနည်းပြသင်တန်း အမှတ်စဉ် (၅/၂၀၂၀) နှင့် ဘောလုံးအခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၀) တို့ကို ဇူလိုင် ၂၇ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်၊ ရဲမွန်တပ်မြို့ရှိ တပ်မတော်ကိုယ်ခံပညာနှင့် အားကစားသိပ္ပံတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါ သင်တန်းကို တပ်မတော်ဘောလုံးအားကစားတိုးတက်မြင့်မားရေးနှင့် မြန်မာ့ဘောလုံးအားကစားကို အထောက် အကူပြုစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကို သိန်းနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးတင်အောင် (ဂိုး) တို့က တက်ရောက်ခဲ့ပြီး ဘောလုံးနှင့် ဆက်စပ်အထောက် အကူပြုပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့သည်။