ဒိုင်လူကြီးမွမ်းမံသင်တန်း ၁/၂၀၁၈ ဖွင့်လှစ်

The MFF » latest news » ဒိုင်လူကြီးမွမ်းမံသင်တန်း ၁/၂၀၁၈ ဖွင့်လှစ်

ဒီဇင်ဘာ 12, 2018 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ၊ ဒိုင်လုပ်ငန်း ဌာနတို့မှ ဖွင့်လှစ်သော ဒိုင်လူကြီး မွမ်းမံသင်တန်း ၁/၂၀၁၈ ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက်၊ နံနက် ၁၀း၀၀ နာရီက သုဝဏ္ဏကွင်း၊ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာ နေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းချိုနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် မြန်မာ နေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်တို့က အဖွင့်အမှာစကား ပြောကြားခြင်း၊ သင်တန်းသားများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးခြင်း၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ သင်တန်းဆရာ ဦးဝင်းချိုမှ အမှာစကား ပြောကြားခြင်းများ ပြုလုပ်ပြီးနောက် အမှတ်တရ ဓါတ်ပုံရိုက်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ဒိုင်လူကြီး မွမ်းမံသင်တန်း ၁/၂၀၁၈ သို့ သင်တန်းသား ၃၀ ဦး တက်ရောက်နေပြီး ဒီဇင်ဘာ ၁၂ ရက်မှ ၁၆ ရက်ထိ ဖွင့်လှစ် မည်ဖြစ်သည်။