ဖူဆယ်ရှုံးထွက်ပြိုင်ပွဲကျင်းပရေး အစည်းအဝေးကျင်းပ

The MFF » Futsal » ဖူဆယ်ရှုံးထွက်ပြိုင်ပွဲကျင်းပရေး အစည်းအဝေးကျင်းပ

ဇွန် 18, 2020 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီ အစည်းအဝေး ကို ယနေ့ (ဇွန် ၁၈ရက်) မွန်းလွဲ ၁နာရီ က အဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် ကော်မတီအဖွဲ့ဝင်များ၊ အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ဌာနအသီးသီးမှ တာဝန်ခံများတက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် MFF Futsal Knockout Cup 2020 ကျင်းပနိုင်ရေး ကိစ္စရပ်များကို အဓိက ထားဆွေးနွေးခဲ့ကြပြီး ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် အာဆီယံချန်ပီယံရှစ် ဖူဆယ်ပြိုင်ပွဲများနှင့် လက်ရွေးစင် အသင်း၏ ပြင်ဆင်မှုများ၊ ဖူဆယ်လိဂ်နှင့် ရှုံးထွက်ပြိုင်ပွဲများ ကျင်းပနိုင်ရေး ကိစ္စရပ်များ၊ ဖူဆယ် အားကစားတိုးတက်ရေး အတွက်ကာလရှည် စီမံကိန်းနှင့် အထွေထွေကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယခုနှစ် အတွင်း ကျင်းပရန် လျာထားသည့် MFF Futsal Knockout Cup 2020 ပြိုင်ပွဲတွင် အသင်းပေါင်း ၁၄သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ ရုပ်သံထုတ်လွှင့်ရေးနှင့် စပွန်ဆာ ရှာဖွေရေး ကဏ္ဍများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။