မန္တလေးမြို့တွင် လေ့ကျင့်ရေးအစီအစဉ်များ စတင်ပြုလုပ်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း

The MFF » latest news » မန္တလေးမြို့တွင် လေ့ကျင့်ရေးအစီအစဉ်များ စတင်ပြုလုပ်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း

ဇန်နဝါရီ 20, 2020 / By Admin

၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံးခြေစစ်ပွဲ တတိယအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းသည် ပြိုင်ပွဲကြို ပြင်ဆင်မှု တစ်ရပ်အဖြစ် ထိုင်းအမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ရန်အတွက် မန္တလေးမြို့သို့ ဇန်နဝါရီ ၁၉ရက် က ရောက်ရှိခဲ့သည်။

ယနေ့ ဇန်နဝါရီ ၂၀ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် မန္တလေးဘောလုံးအကယ်ဒမီလေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ခဲ့ပြီး ညနေပိုင်းတွင် ခြေစမ်းပွဲယှဉ်ပြိုင်မည့် မန္တလာသီရိအားကစားကွင်းတွင် လေ့ကျင့်ခဲ့သည်။

မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ခြေစမ်းပွဲများကို ဇန်နဝါရီ ၂၅ရက်နှင့် ၂၈ရက်များတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး လာရောက် ကြည့်ရှုမည့် ပရိသတ်များအတွက် ကွင်းဝင်ကြေးအခမဲ့ ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားပါကြောင်း အသိ ပေးအပ်ပါသည်။