မန္တလာသီရိကွင်းတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လေ့ကျင့်မူများပြုလုပ်

The MFF » latest news » မန္တလာသီရိကွင်းတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လေ့ကျင့်မူများပြုလုပ်

ဇန်နဝါရီ 23, 2020 / By Admin

ယနေ့ ဇန်နဝါရီ ၂၃ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် မန္တလေးဘောလုံးအကယ်ဒမီလေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ခဲ့ပြီး ညနေပိုင်းတွင် ခြေစမ်းပွဲယှဉ်ပြိုင်မည့် မန္တလာသီရိအားကစားကွင်းတွင် လေ့ကျင့်ရေးအစီအစဉ်များပြုလုပ်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံးခြေစစ်ပွဲ တတိယအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲကြို ပြင်ဆင်မှု တစ်ရပ်အဖြစ် ထိုင်းအမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ရန်အတွက် မန္တလေးမြို့သို့ လာရောက်ကာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

မြန်မာအသင်းနှင့်ယှဉ်ပြိုင်မည့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းသည် ယနေ့ညနေပိုင်းတွင် မန္တလေးမြို့သို့ရောက်ရှိကာ လေ့ကျင့်ရေးအစီအစဉ်များစတင်မည်ဖြစ်သည်။

မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ခြေစမ်းပွဲများကို ဇန်နဝါရီ ၂၅ရက်နှင့် ၂၈ရက်များတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး လာရောက် ကြည့်ရှုမည့် ပရိသတ်များအတွက် ကွင်းဝင်ကြေးအခမဲ့ ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားပါကြောင်း အသိ ပေးအပ််ပါသည်။