မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ အစည်းအဝေးကျင်းပ

The MFF » latest news » မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ အစည်းအဝေးကျင်းပ

ဇူလိုင် 7, 2020 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဒိုင်ကော်မတီ အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့ (ဇူလိုင် ၇ရက်) နေ့လယ်က MFF အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးကို ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒု- ဥက္ကဋ္ဌ ဦးထောင်ထာထန်း၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးတင် သိန်း၊ ဦးထွန်းထွန်း၊ ဦးလှမြင့်လတ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအကြံပေး ဦးဘန်နီတင်အောင်၊ MFF အထွေ ထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ဒိုင်ဌာနတာဝန်ခံ ဦးလှမင်း တို့တက်ရောက်ခဲ့ကြပြီး ဒိုင်လူကြီးကောင်းများ ပေါ်ပေါက်လာ ရေးနှင့် မျိုးဆက်သစ်ဒိုင်များ မွေးထုတ်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

FIFA နှင့် AFC တို့ မှ ဖွင့်လှစ်သည့် သင်တန်းများသို့ မြန်မာ ဒိုင်လူကြီးများ စနစ်တကျ စေလွှတ်သင်ကြားနိုင်ရေး၊ ဖူဆယ် ဒိုင်လူကြီးများ မွေးထုတ်နိုင်ရန် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဒိုင်သင်တန်းများ ဖွင့်လှစ်ရာတွင် အရည် အချင်းရှိသူများကို တက်ရောက်ခွင့်ပေးရေး၊ ဒိုင်လူကြီးကောင်းများ ပေါ်ပေါက်လာရန် ပြည်နယ်နှင့်တိုင်းများတွင် စနစ်တ ကျ ဆောင်ရွက်ရေး စသည်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပြည်နယ်နှင့်တိုင်းများမှ ပေါ်ထွက်လာသည့် ဒိုင်လူကြီးများကို အရည်အချင်း ပိုမိုတိုးတက်လာရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သင်တန်းများ ထပ်မံပို့ချ သင်ကြားပေးရေး၊ မျိုးဆက်သစ်ဒိုင်များ ပေါ်ထွက်လာရန်U -14  Youth Referee မွေးထုတ်ရေး၊ သင်တန်းတက်ရောက်ပြီးသော ဒိုင်လူကြီးများကိုလည်း ပြိုင်ပွဲများတွင် တာဝန်ပေးရေးနှင့် ဒိုင်သင် တန်းများ ဖွင့်လှစ်ရန် အခက်အခဲရှိပါက ကူညီပေးရေး တို့ကိုလည်း ဆွေးနွေးခဲ့သည်။

မကြာမီ ကျင်းပမည့် U – 14 လိဂ်ပြိုင်ပွဲတွင် နယ်မှ လာရောက် တာဝန်ထမ်းဆောင်မည့် ဒိုင်လူကြီးများ နေထိုင်ရေး အဆင် ပြေရန် ဆောင်ရွက်ရေး၊ Law Of The Game စာအုပ်အသစ်များ ထပ်မံထုတ်ဝေရေး၊ လက်ရှိတွင် အာရှ အဆင့် ပြိုင်ပွဲ ကြီးများ၌ တာဝန်ထမ်းဆောင်နိုင်သည့် အမျိုးသား ဒိုင်လူကြီး မရှိသေးသည့်အတွက် ကြိုးစားသွားရေး၊ လာမည့် ၂၀၂၁ တွင် ဒိုင်သင်တန်း အများအပြား ဖွင့်လှစ်သင်ကြားနိုင်ရန် မြို့နယ် ဘောလုံးအဖွဲ့ချုပ်များနှင့် ပူးပေါင်းဆောင်ရွက်ရေးများကို ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။