မြန်မာယူ-၁၉ အမျိုးသားအသင်း ဂျပန်- အာဆီယံ ဖိတ်ခေါ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်

The MFF » latest news » မြန်မာယူ-၁၉ အမျိုးသားအသင်း ဂျပန်- အာဆီယံ ဖိတ်ခေါ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်

ဖေ‌ဖော်ဝါရီ 23, 2020 / By Admin

ဖေဖော်ဝါရီလ ၂၆ရက်မှ ၂၉ရက်နေ့အထိ ဂျပန်နိုင်ငံ ခါဂိုရှီးမားမြို့တွင် ကျင်းပမည့် JENESYS (Japan-ASEAN U-19 Football Tournament) ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာ့ယူ-၁၉ အမျိုးသားအသင်းသည် ဖေဖော်ဝါရီလ ၂၃ရက်နေ့ ညပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။

မြန်မာယူ-၁၉ အမျိုးသားအသင်းတွင် ဂိုး- ဟိန်းထက်စိုး၊ ပြည့်ဖြိုးသူ၊ နောက်တန်း- စည်သူမိုးခန့်၊သက်ဟိန်းစိုး၊မင်းခန့်မောင်၊မျိုးကိုကိုလင်း၊ကောင်းခန့်ကျော်၊စောထောနေမူး၊ အလယ်တန်း- ကောင်းဇင်မိုး၊လွင်ဇော်မောင်၊ရန်နိုင်လင်း၊ဥက္ကာနိုင်၊သူရအောင်၊မိုးဆွေ၊မျိုးသူရထွန်း၊ အရှေ့တန်း- ပြည့်ဖြိုးခိုင်၊ ညီညီ၊ စောကျော်အဲတို့ပါဝင်ပြီး နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက တာ၀န်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

JENESYS 2019 (Japan-ASEAN U-19 Football Tournament) ပြိုင်ပွဲကို အသင်းပေါင်း၈သင်းက အုပ်စု(၂)ခုခွဲပြီး ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာယူ-၁၉ အမျိုးသားအသင်းသည် အုပ်စု(ခ)တွင် က‌မ္ဘောဒီးယား၊တီမော၊ဂျပန်ကလပ် Kagoshima United FC U-18 အသင်းတို့ဖြင့် ကျရောက်နေပြီးဖေဖော်ဝါရီလ၂၆ရက်နေ့တွင် Kagoshima United FC U-18အသင်း၊ဖေဖော် ဝါရီလ၂၇ရက်နေ့တွင် တီမောအသင်း၊ဖေဖော်ဝါရီလ၂၈ရက်နေ့တွင် ကမ္ဘောဒီးယား အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။‌

ဖေဖော်ဝါရီလ ၂၉ရက်နေ့တွင် JENESYS 2019 (Japan-ASEAN U-19 Football Tournament) ပြိုင်ပွဲ၏ အဆင့် သတ်မှတ်သည့် ပွဲစဉ်များကို ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။