မြန်မာယူ-၂၂ နောက်ခံလူ ကျော်သူထွန်း၏ ခြေကျင်းဝတ်ဒဏ်ရာ ခွဲစိတ်ကုသမှု အောင်မြင်

The MFF » MFF » မြန်မာယူ-၂၂ နောက်ခံလူ ကျော်သူထွန်း၏ ခြေကျင်းဝတ်ဒဏ်ရာ ခွဲစိတ်ကုသမှု အောင်မြင်

ဇန်နဝါရီ 20, 2020 / By Admin

မြန်မာယူ-၂၂ နှင့် မကွေးအသင်း နောက်ခံလူ ကျော်သူထွန်း၏ ဘယ်ဘက်ခြေကျင်းဝတ် ဒဏ်ရာကို ယနေ့ (ဇန်နဝါရီ ၁၉ ရက်) နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သွန်ဘူရီ ဆေးရုံတွင် ခွဲစိတ်ကုသမှု အောင်မြင်ခဲ့သည်။

“ ခွဲစိတ်မှု အောင်မြင်ပါတယ်။ ခွဲပြီးတော့လည်း စားတာသောက်တာကအစ အရာအားလုံး

အဆင်ပြေပါတယ်။ ဆရာဝန်ကတော့ တစ်လခွဲမှာ အပေါ့စား လေ့ကျင့်ခန်းတွေ ပြန်လုပ်နိုင်ပြီး

သုံးလနေရင် ပုံမှန်လေ့ကျင့်ခန်းတွေ ပြန်လုပ်လို့ရပြီ ပြောပါတယ်” ဟု ကျော်သူထွန်းက ပြောသည်

ကျော်သူထွန်းသည် ဆီးဂိမ်းစ်မတိုင်မီ၂၀၁၉၊ အောက်တိုဘာလအတွင်း မြန်မာယူ-၂၂ အသင်း၏ ကာတာလေ့ကျင့်ရေး ခရီးစဉ်တွင် နီပေါယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲ၌ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

“ အခြေအနေ ကောင်းပါတယ်။ ခါးကို ထုံဆေးပေးပြီး ခွဲတာဆိုတော့ မနက်ဖြန်ဆိုရင် ဆေးရုံကဆင်းလို့ ရပါပြီ။ အခုတော့ ကျောက်ပတ်တီးနဲ့ နေနေရပြီး နောက်နှစ်ပတ်နေရင် ပတ်တီးဖြုတ်လို့ရပါပြီ” ဟု ဘန်ကောက်သို့ လိုက်ပါဆောင်ရွက်ပေးနေသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာဖြိုးမင်းဦးက ပြောသည်။

ခွဲစိတ်ကုသမှု အောင်မြင်သောကြောင့် ကျော်သူထွန်း အနေဖြင့် တစ်လခွဲအကြာတွင် အပေါ့စား လေ့ကျင့်ခန်းများ ပြုလုပ်နိုင်မည်ဖြစ်ပြီး သုံးလအကြာတွင် ပုံမှန်လေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်နိုင်‌မည်ဟု သိရသည်။

“ ခွဲစိတ်မှု အောင်မြင်ပါတယ်။ ခွဲပြီးတော့လည်း စားတာသောက်တာကအစ အရာအားလုံး အဆင်ပြေပါတယ်။ ဆရာဝန်ကတော့ တစ်လခွဲမှာ အပေါ့စား လေ့ကျင့်ခန်းတွေ ပြန်လုပ်နိုင်ပြီး သုံးလနေရင် ပုံမှန်လေ့ကျင့်ခန်းတွေ ပြန်လုပ်လို့ရပြီ ပြောပါတယ်” ဟု ကျော်သူထွန်းက ပြောသည်။

မြန်မာယူ-၂၂ ဂိုးသမားဖြစ်သူ ဘုန်းသစ္စာမင်းသည်လည်း ဇန်နဝါရီ ၁၇ ရက်နေ့က သွန်ဘူရီဆေးရုံတွင် ဒူးဒဏ်ရာခွဲစိတ်ကုသမှု အောင်မြင်ခဲ့သည်။