လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် ဦးမင်းထွန်းလင်းကို တစ်နှစ်စာချုပ်

The MFF » latest news » လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် ဦးမင်းထွန်းလင်းကို တစ်နှစ်စာချုပ်

ဇန်နဝါရီ 8, 2020 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဇွဲကပင်ယူနိုက်တက်အသင်း နည်းပြချုပ်ဟောင်း ဦးမင်းထွန်းလင်း ကို မြန်မာ့လက်ရွေးစင်အသင်း၏လက်ထောက်နည်းပြအဖြစ် ဇန်နဝါရီ ၂ရက်က တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် မတ်လအတွင်း ဂျပန်အသင်း၊ ကာဂျစ်ကစ္စတန် အသင်းများနှင့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားရန်ရှိနေရာ ပြည်တွင်းကစားသမားများနှင့် ပတ်သက် ၍ အတွေ့အကြုံရှိသူ ဦးမင်းထွန်းလင်းကို လက်ထောက် နည်းပြအဖြစ် ခေါ်ယူပေးရန် နည်းပြချုပ် အန်တိုနီဟေး ၏ တောင်းဆိုချက်အရ MFF က ခန့်အပ်ခဲ့ခြင်းဖြစ်ပါသည်။

ဦးမင်းထွန်းလင်း သည် AFC (A) လိုင်စင်ရရှိထားသော နည်းပြတစ်ဦးဖြစ်ပြီး ဇွဲကပင်ယူနိုက်တက်အသင်းကို တာဝန်ယူကိုင်တွယ်စဉ် ၂၀၁၈ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဇယား အဆင့် ၃ နေရာတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။