အမျိုးသမီးဘောလုံးကော်မတီအစည်းအဝေးကျင်းပ

The MFF » Activities » အမျိုးသမီးဘောလုံးကော်မတီအစည်းအဝေးကျင်းပ

ဇူလိုင် 1, 2020 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အမျိုးသမီးဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့ (ဇူလိုင် ၁ရက်) နေ့လည်က MFF အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးကို အမျိုးသမီးဘောလုံးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်၊ ဒုတိယ ဥက္ကဋ္ဌများသည့် ဒေါ်ဌေးဌေးခိုင်နှင့် ဒေါ်မြတ်မြတ်ဦး၊ MFF ဥက္ကဋ္ဌအကြံပေး ဦးဘန်နီတင်အောင်၊ MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ကော်မတီ၀င်များဖြစ်ကြသော ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးကိုကိုဌေး၊ MNL CEO ဦးစိုးမိုးကျော် တို့က တက်ရောက်ခဲ့ပြီး မြန်မာ့အမျိုးသမီးဘောလုံးဖွံဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

မြန်မာအမျိုးသမီးဘောလုံးလောက တိုးတက်ရေးအတွက် အဓိကကျသော အမျိုးသမီးလိဂ်ပြိုင်ပွဲကို အမြန်ဆုံးပြန်လည် ကျင်းပနိုင်ရေးကို အဓိက ဆွေး‌နွေးခဲ့ပြီး သက်တမ်းအလိုက်အမျိုးသမီးလက်ရွေးစင်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများ၊ အမျိုးသမီး Grassroots ဘောလုံးပွဲတော်များပိုမိုကျင်းပနိုင်ရေး၊ တိုင်းနှင့်ပြည်နယ် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ကျင်းပ နိုင်ရေး၊ အဆိုပါပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက်ထောက်ပံ့ပေးမည့် စပွန်ဆာများ ရှာဖွေနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

မြန်မာအမျိုးသမီးလိဂ်၂၀၂၀ ပြိုင်ပွဲကိုလာမည့် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း ပြိုင်ပွဲဝင် အသင်း ၇သင်း (သို့မဟုတ်) ၈သင်းဖြင့် ကျင်းပရန်လျာထားပြီး ယင်းပြိုင်ပွဲအတွက် Title Sponsor ရှာဖွေရေး၊ လာမည့်နှစ်တွင်တိုင်းနှင့်ပြည်နယ် အမျိုးသမီးအသင်း​ဘောလုံးပြိုင်ပွဲသက်တမ်းအလိုက် ပြိုင်ပွဲများအား ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာနနှင့်ပူး​ပေါင်းပြီးပြိုင်ပွဲများ ယခုထက်ပိုမိုအ​ကောင်အထည်​ဖော်​ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။